ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်နှင့် ကလောတွင် အောက်တိုဘာလ(၂၁)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၂)ဦးထပ်တိုး

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်နှင့် ကလောတွင် အောက်တိုဘာလ(၂၁)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၂)ဦးထပ်တိုး
အောက်တိုဘာ 21, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်နှင့် ကလောတွင် အောက်တိုဘာလ(၂၁)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၂)ဦးထပ်တိုး 
ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်နှင့် ကလောတွင် အတည်ပြုလူနာနှင့်ထိတွေ့၍ အသွားအလာကန့်သတ်ထားသူ (၂) ဦး၌ COVID 19 ကူးစက်ခံထားရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့တွင် ဓာတ်ခွဲအဖြေရသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အတည်ပြုလူနာ (၁၆) ဦးရှိနေပြီဖြစ်သည်။
“နှစ်ယောက်လုံးက contact( အတည်ပြုလူနာနှင့်ထိတွေ့သူ)။ ဆီဆိုင် ဆိုက်ခေါင်ကတစ်ယောက်ကတော့ contact ဖြစ်လို့ ပထမအကြိမ် စစ်တုန်းကတော့ Negative ဖြစ်တယ်။ အခုထပ်စစ်တာမှာ Positive တွေ့တာပေါ့နော်။ နောက်ကလောကတစ်ယောက်ကလည်း သူတို့က ရန်ကုန်ကနေ (၃)ယောက်ပြန်လာကြတာမှာ ဂိတ်မှာ test kit စစ်လိုက်တော့ (၂) ယောက်က Positive၊ သူက Negative ဖြစ်တာပေါ့နော်။ အခု PCR စက်ကြီးနဲ့ စစ်လိုက်တော့ Positive တွေ့တာပေါ့နော်။ သူတို့နဲ့ထိတွေ့တဲ့ အရင် Positive တွေနဲ့ contact တွေကို လိုက်ပြီးသား၊ သူတို့ကလည်း quarantine ဝင်ထားပြီးသားဆိုတော့ နောက်ထပ် contact ထပ်မထွက်ပါဘူး”ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ (၂)ဦးမှာ ဆီဆိုင်မြို့ရှိ အလက တွေ့ပူး quarantine center နှင့် ကလောမြို့ ဓမ္မယာန quarantine center များတွင် အသွားအလာကန့်သတ်ထားသူများဖြစ်ပြီး တစ်ဦးကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ကုသပေးမည်ဖြစ်ကာ တစ်ဦးကို ကလောပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် တွေ့ရသည့် အတည်ပြုလူနာ (၁၆)ဦးကို စဝ်စံထွန်းဆေးရုံနှင့် ကလောပြည်သူ့ဆေးရုံများ၌ ကုသပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက် 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~