တောင်ကြီး NLD မြို့နယ်အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌကို အာဏာသိမ်းအဖွဲ့က နေအိမ်တွင် ဝင်ရောက် ဖမ်းဆီး

တောင်ကြီး NLD မြို့နယ်အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌကို အာဏာသိမ်းအဖွဲ့က နေအိမ်တွင် ဝင်ရောက် ဖမ်းဆီး
ဒီဇင်ဘာ 22, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မှ NLD ပြန်ကြားရေးတာဝန်ခံဟောင်း၊ မြို့နယ်အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ဒေါ်ဝင်းဝင်းနွယ်ကို အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက် (၁၂) နာရီ (၁၅)မိနစ်တွင် နေအိမ်မှဖမ်းဆီးသွားသည်ဟု မိသားစုဝင်တစ်ဦး၏ အတည်ပြုချက်အရ သိရသည်။

လက်ရှိတွင် မည်သည့်နေရာသို့ ခေါ်ဆောင်ထိန်းသိမ်းထားသည်ကို မသိရဘဲ မိသားစုနှင့်လည်း အဆက်အသွယ်မရကြောင်း သိရသည်။

ဒေါ်ဝင်းဝင်းနွယ် အသုံးပြုနေသည့် ဖုန်းမှာ ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ပျက်နေ၍ ဖုန်းပါမသွားကြောင်းနှင့် မက်ဆင်ဂျာမှ ဆက်သွယ်ခြင်း မပြုကြရန်ကိုလည်း သတိပေးထားသည်။