ရွမ္းျပည္နယ္က အိမ္ရွင္အျဖစ္လက္ခံက်င္းပေနသည့္ တုိင္းေဒသႀကီးႏွင့္ျပည္နယ္အဆင့္ အသက္ (၂၅)ႏွစ္ေအာက္ ေဘာလီေဘာၿပိဳင္ပြဲစတင္ဖြင့္လွစ္

ရွမ္းျပည္နယ္က အိမ္ရွင္အျဖစ္လက္ခံက်င္းပေနသည့္ တုိင္းေဒသႀကီးႏွင့္ျပည္နယ္အဆင့္ အသက္ (၂၅)ႏွစ္ေအာက္ ေဘာလီေဘာၿပိဳင္ပြဲစတင္ဖြင့္လွစ္
မေ 22, 2019
By 🌸
ရွမ္းျပည္နယ္က အိမ္ရွင္အျဖစ္ လက္ခံက်င္းပသည့္ ၂၀၁၉ ခုႏွစ္၊ တိုင္​း​ေဒသႀကီးႏွင္​့ျပည္​နယ္​
အသက္​(၂၅)ႏွစ္​​ေအာက္​ အမ်ိဳးသား၊ အမ်ိဳးသမီး ​ေဘာ္​လီ​ေဘာၿပိဳင္​ပြဲဖြင့္ပြဲကို ၂၀၁၉ ခုႏွစ္၊ ေမလ (၂၂)ရက္ေန႔ နံနက္ (၉)နာရီက ေတာင္ႀကီးၿမိဳ႕ရိွ ျပည္နယ္ေလ့က်င့္ေရးအားကစားရံုတြင္ က်င္းပသည္။

တုိင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားမွ အမ်ိဳးသား (၁၅)သင္းႏွင့္ အမ်ိဳးသမီး (၁၃)သင္းတုိ႔ ပါဝင္ယွဥ္ၿပိဳင္ေနၾကၿပီး ေမလ (၃၁)ရက္ေန႔အထိ ယွဥ္ၿပိဳင္ၾကမည္ျဖစ္ရာ မည္သူမဆို သြားေရာက္ၾကည့္ရႈႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ဖြင္​့ပြဲအခမ္​းအနားသို႔ ႐ွမ္​းျပည္​နယ္​အစိုးရအဖြဲ႔ဝင္​ ျပည္​နယ္​ဝန္​ႀကီးခ်ဳပ္ ​ေ​ဒါက္​တာလင္​းထြဋ္​၊ ျပည္​နယ္​လႊတ္​​ေတာ္​ ဥကၠဌ ဦးစိုင္​းလုံးဆိုင္​၊ ျပည္​နယ္​တရားသူႀကီးခ်ဳပ္​ ဦးႂကြယ္​ႂကြယ္​၊ ျပည္​နယ္​အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားျဖစ္သည့္ လူမႈ​ေရးဝန္​ႀကီး ႐ွမ္​းျပည္​နယ္​အားကစားႏွင္​့ကာယပညာ​ေကာ္​မတီဥကၠဌ ​ေဒါက္​တာမ်ိဳးထြန္​း၊ လုံၿခဳံ​ေရးႏွင္​့နယ္​စပ္​​ေရးရာဝန္​ႀကီး ဗိုလ္​မွဴးႀကီးလွဦး၊ စိုက္​ပ်ိဳးေရး
​ေမြးျမဴ​​ေရးႏွင္​့ဆည္​​ေျမာင္​းဝန္​ႀကီး ဦးစိုင္​းလုံ​ေက်ာ္​၊ လွ်ပ္​စစ္​စြမ္​းအင္​ႏွင္​့စက္​မႈဝန္​ႀကီး ဦးစိုင္​း႐ွဲန္​တစ္​လုံ၊ က်န္​းမာ​ေရးႏွင္​့အားကစားဝန္​ႀကီးဌာန အားကစားႏွင္​့ကာယပညာဦးစီးဌာနမွ ၫႊန္​ၾကား​ေရးမွဴးခ်ဳပ္​ ဦးမ်ိဳးလိႈင္​၊ ဒုတိယၫႊန္​ၾကား​ေရးမွဴးခ်ဳပ္​မ်ားျဖစ္​ၾက​ေသာ ဦးထြန္​းျမင္​့ဦး၊ ဦး​ေက်ာ္​ဆန္​း၊
ဦ​ေက်ာ္​ဦး၊ ယွဥ္​ၿပိဳင္​​ေရးႏွင္​့​ေလ့က်င္​့​ေရးဌာနခြဲ(၁)မွ ၫႊန္​ၾကား​ေရးမွဴး ဦးခြန္​ဂ်ာ​ေအာင္​၊ ႐ွမ္​းျပည္​နယ္​အားကစားႏွင္​့ကာယပညာဦးစီးဌာနမွ ၫႊန္​ၾကား​ေရးမွဴး ဦး​ေက်ာ္​​​ေက်ာ္​သိန္​း၊ ဒုတိယၫႊန္​ၾကား​ေရးမွဴး၊ခ႐ိုင္​လက္​​ေထာက္​ၫႊန္​ၾကား​ေရးမွဴးမ်ားႏွင့္ ဌာနဆိုင္​ရာမ်ားမွ တက္ေရာက္ၾကသည္။

ဖြင့္ပြဲအခမ္းအနားတြင္ ကျပေဖ်ာ္ေျဖခဲ့ၾကသည့္ တုိင္းရင္းသားအကအဖြဲ႕မ်ားကို ျပည္​နယ္​လူမွဳ​ေရးဝန္​ႀကီး ေဒါက္တာမ်ိဳးထြန္းက ဂုဏ္ျပဳဆုမ်ားခ်ီးျမႇင့္ေပးခဲ့သည္။

Tachileik News Agency
ဓါတ္ပံု - MH

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် အသက် (၂၅)နှစ်အောက် ဘောလီဘောပြိုင်ပွဲစတင်ဖွင့်လှစ်
*************
ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်
အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ၂၀၁၉ ခုနှစ်၊ မေလ (၂၂)ရက်နေ့ နံနက် (၉)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ကျင်းပသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အမျိုးသား (၁၅)သင်းနှင့် အမျိုးသမီး (၁၃)သင်းတို့ ပါဝင်ယှဉ်ပြိုင်နေကြပြီး မေလ (၃၁)ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ မည်သူမဆို သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လူမှုရေးဝန်ကြီး ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားအကအဖွဲ့များကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့သည်။

Tachileik News Agency
ဓါတ်ပုံ - MH

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net