ပအိုဝ်းဒေသအတွင်း ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ၍ အရပ်သား တစ်ဦး သေဆုံး 

Photo: PNLA News&Info
Photo: PNLA News&Info
ပအိုဝ်းဒေသအတွင်း ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ၍ အရပ်သား တစ်ဦး သေဆုံး 

ရှမ်းပြည်နယ်တာင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၈)ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးကြောင်း PNLA က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်(၆)အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသွားသည့် အရပ်သားမှာ အသက်(၅၀)နှစ်အရွယ်ရှိ ဦးခွန်ထွန်းဖြစ်သည်ဟု သိရသည်။

ကျောက္ကဆျာႏကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာမဟုတ်သလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က တပ်စွဲထားသည့် နေရာမဟုတ်ကြောင်းလည်း သိရသည်။