ကန့်ဘလူမြို့နယ် ရဲဒွေးရွာတွင် အာဏာသိမ်းစစ်တပ်က မီးရှို့နေ

ကန့်ဘလူမြို့နယ် ရဲဒွေးရွာတွင် အာဏာသိမ်းစစ်တပ်က မီးရှို့နေ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရဲဒွေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့ နံနက် (၉)နာရီ (၅)မိနစ်ဝန်းကျင်ကတည်းက နေအိမ်များကို မီးရှို့နေကြောင်း ကန့်ဘလူ PDF က သတင်းထုတ်ပြန်ထားသည့်မှတ်တမ်းအရ သိရသည်။

အာဏာသိမ်းစစ်တပ်သည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကံကြီး(အနောက်)ရွာကိုလည်း ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်ကဝင်၍ နေအိမ်များမီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းနေ့ညနေ (၅)နာရီဝန်းကျင်ကလည်း ၎င်းအာဏာသိမ်းတပ် ရွာတွင်းထပ်ဝင်လာသည့်သတင်းကြောင့် ဒေသခံများ ထပ်မံထွက်ပြေးခဲ့ကြရသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ရောက်သည့်နေရာများ၌ လူနေအိမ်များ မီးရှို့ခြင်းကို လုပ်နေပြီး ယနေ့နံနက်ပိုင်းမှာပင် ကရင်နီ(ကယား)ပြည်နယ်ရှိ လွိုင်ကော်မြို့နယ်တွင်းမှ ကွန်းနာကလိုးခူရွာကိုလည်း မီးရှို့သဖြင့် နေအိမ်အလုံး (၂၀)ကျော် ဆုံးရှုုံးသွားသည်။