ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ်ဂိတ်နှင့် မုပ္ပလင်လမ်းဆုံ ရဲစခန်းဂိတ်တို့အား တော်လှန်ရေးတပ်များက ဒရုန်းဖြင့်တိုက်ခိုက်

ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ်ဂိတ်နှင့် မုပ္ပလင်လမ်းဆုံ ရဲစခန်းဂိတ်တို့အား တော်လှန်ရေးတပ်များက ဒရုန်းဖြင့်တိုက်ခိုက်
ဖေဖော်ဝါရီ 11, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ်ဂိတ်နှင့် မုပ္ပလင်လမ်းဆုံ ရဲစခန်းဂိတ်တို့အား KNLA ပူးပေါင်းတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုထံမှ သိရသည်။

စစ်တောင်းတံတားသစ်ဂိတ်ကို(၂)ကြိမ်၊ မုပ္ပလင်လမ်းဆုံ ရဲစခန်းဂိတ်ကို တစ်ကြိမ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုမူ မသိရသေးပါ။

တိုက်ခိုက်မှုကို KNLA၊ Iron Adventure Force၊ ကဝ ပကဖ Drone Team၊ အင်းတကော် ပကဖ Drone Team၊ ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် ကျိုက်ထို ပကဖ တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစုသည် ဇန်နဝါရီလ (၃၀)ရက်နေ့ကလည်း ကျိုက်ထိုမှ ဘီးလင်းမြို့သို့ မောင်းနှင်လာသည့် ဗိုလ်ကြီးထွန်းထွန်းနှင့် (၄)ဦးပါကားကို ကျိုက်ထို ပကဖ နှင့်အတူ ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency