အာဏာသိမ်းစစ်တပ်က KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေကို လေကြောင်းမှ ပစ်ခတ်

အာဏာသိမ်းစစ်တပ်က KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေကို လေကြောင်းမှ ပစ်ခတ်

ကရင်ပြည်နယ်တွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ - ၅ ထိန်းချုပ်နယ်မြေအတွင်း ည (၈)နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းမှ လာရောက်ပစ်ခတ်၍ ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။

KNU တပ်မဟာ - ၅ ထိန်းချုပ်နယ်မြေတွင်းမှ စစ်တပ်အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သည့် ထီးမူထာအခြေစိုက်စခန်းကို  KNU က ယနေ့နံနက်အစောပိုင်းတွင် သိမ်းပိုက်လိုက်ပြီးနောက် ည (၈) နာရီဝန်းကျင်အချိန်တွင် ကေအဲန်ယူ - တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဒေပူနိုတွင် အာဏာသိမ်းစစ်တပ်ကလေကြောင်းဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဝီးကလိုရွာ၊ ဒေပူနိုရွာနှင့် နီးစပ်ရာကျေးရွာများမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။