တာချီလိတ်မြို့တွင် ကုသမှု ခံယူနေသည့် COVID 19 အတည်ပြုလူနာ (၂)ဦး၏ ကျန်းမာရေး အခြေအနေကောင်းမွန်နေ

တာချီလိတ်မြို့တွင် ကုသမှု ခံယူနေသည့် COVID 19 အတည်ပြုလူနာ (၂)ဦး၏ ကျန်းမာရေး အခြေအနေကောင်းမွန်နေ
နိုဝင်ဘာ 23, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ကုသမှု ခံယူနေသည့် COVID 19 အတည်ပြုလူနာ (၂)ဦး၏ ကျန်းမာရေး အခြေအနေကောင်းမွန်နေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံ COVID  19 လူနာကုသရေးဆောင်၌ ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၂)ဦး၏ အခြေအနေမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်နေ့အထိ ကောင်းမွန်နေကြောင်း သိရသည်။
"လူနာတွေအခြေအနေကောင်းပါတယ်။ အခြေအနေကောင်းနေတယ်ဆိုရင် ဆေးရုံတက်တာ (၁၀) ရက်ပြည့်ပြီဆိုရင်တော့ ဆင်းခွင့်ရမှာပါ"ဟု ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၃)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ နိုဝင်ဘာလ (၁၇) ရက်နေ့မှစ၍ ကုသမှုခံယူနေသည့် ရန်ကုန်မှ ပြန်လာသည့် ရဲဝန်ထမ်းတစ်ဦး နှင့် နိုဝင်ဘာလ (၂၂)ရက်နေ့မှစ၍ ကုသမှုခံယူနေသည့်  ပဲခူးတိုင်းဒေသကြီးမှ လမ်းလုပ်ငန်းအတွက် လာရောက်သူ အမျိုးသားတစ်ဦးတို့ ဖြစ်ပြီး ၎င်းတို့အား  Quarantine ထားရှိပြီး စစ်ဆေးရာမှ Covid-19 တွေ့ရှိရသူများဖြစ်၍ မစိုးရိမ်ရကြောင်း သိရသည်။ 
 ပဲခူးတိုင်းဒေသကြီးမှ လာသည့် လမ်းလုပ်သားအဖွဲ့မှာ လူဦးရေ (၄၀) ဝန်းကျော်ပါဝင်ပြီး လမ်းလုပ်ငန်းဆောင်ရွက်မည့် လမ်းဘေး၌ Quarantine ထားခြင်းဖြစ်ပြီး ကျန် (၃၉) ဦးမှာ ပထမအကြိမ် စစ်ဆေးမှုအတွင်း COVID 19 မတွေ့ရသော်လည်း ဒုတိယအကြိမ် ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~