တာချီလိတ်လေဆိပ် ဒီဇင်ဘာလ(၁၃)ရက်နေ့ကစ၍ ပြန်လည် ဖွင့်လှစ်ပျံသန်းမည်ဖြစ်ပြီး ကိုဗစ် အခမဲ့စစ်ဆေးခွင့်ရမည်

တာချီလိတ်လေဆိပ် ဒီဇင်ဘာလ(၁၃)ရက်နေ့ကစ၍ ပြန်လည် ဖွင့်လှစ်ပျံသန်းမည်ဖြစ်ပြီး ကိုဗစ် အခမဲ့စစ်ဆေးခွင့်ရမည်
ဒီဇင်ဘာ 11, 2021 | ရှမ်းရှေ့

Stay at Home ပယ်ဖျက်လိုက်သည့် တာချီလိတ်မြို့တွင် လေကြောင်းခရီးစဉ်များကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့က စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ပျံသန်းတော့မည်ဖြစ်သည်။

တာချီလိတ်မှ လေကြောင်းခရီးဖြင့် သွားလိုသူများသည် မဖြစ်မနေ Covid-19 စစ်ဆေးမှုခံယူရမည်ဖြစ်သည့်အတွက် တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်းဖွင့်လှစ်ထားသည့် Fever Clinic တွင် အခမဲ့ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်းရှိ Fever Cline တွင် အခမဲ့ စစ်ဆေးနိုင်ရန်အတွက် လေယာဉ်လက်မှတ် နှင့် မှတ်ပုံတင် ယူဆောင်လာကာ နေ့စဉ် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ Covid-19 အခမဲ့ စစ်ဆေးနိုင်မည်ဖြစ်သော်လည်း နေ့လည် သတ်မှတ်ချိန် (၁၂)နာရီအထက် ကျော်လွန်ပြီးမှ လာရောက်စစ်ဆေးပါက စစ်ဆေးခ ကျပ်(၁၀၀၀၀)ပေးရမည်ဖြစ်ကြောင်း သိရသည်။