တာချီလိတ်မြို့မှ အတည်ပြုလူနာ ပထမ လမ်းလုပ်သားတစ်ဦး ကိုဗစ်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ

တာချီလိတ်မြို့မှ အတည်ပြုလူနာ ပထမ လမ်းလုပ်သားတစ်ဦး ကိုဗစ်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ အတည်ပြုလူနာ ပထမ လမ်းလုပ်သားတစ်ဦး ကိုဗစ်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကုသမှုခံယူနေသည့် လမ်းလုပ်သားအတည်ပြုလူနာနှစ်ဦးအနက် ပထမလူနာမှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ လက်ရှိတွင် အတည်ပြုလူနာ (၅၄)ဦး ကျန်ရှိမည်ဖြစ်သည်။
"ဒီနေ့ အတည်ပြုလူနာ တစ်ယောက် ဆေးရုံဆင်းတယ်။ ကျန်လူနာအားလုံး အခြေအနေကောင်းတယ်။ "ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆေးရုံဆင်းခွင့်ရသွားသူမှာ အတည်ပြုလူနာ လမ်းလုပ်သားနှစ်ဦးထဲက ပထမလူနာဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် လမ်းလုပ်ငန်းဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးက ရောက်ရှိလာသည့် (၄၀)ကျော်အဖွဲ့အား လမ်းလုပ်ငန်းဆောင်ရွက်မည့် နေရာတွင်  သီးခြားအသွားအလာကန့်သတ်ထားပြီး နိုဝင်ဘာလ (၂၂)ရက်နေ့က စစ်ဆေးရာ COVID 19 အတည်ပြုလူနာ (၁)ဦး  စစ်ဆေးတွေ့ရပြီး ကုသမှုခံယူခြင်း ဖြစ်သည်။
၎င်းနှင့် ထိတွေ့၍ အတည်ပြုလူနာဖြစ်သွားသည့် ဒုတိယမြောက် အတည်ပြုလူနာ လမ်းလုပ်သားမှာ လက်ရှိတွင် ကုသမှု ခံယူနေလျက်ရှိသည်။
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၂) ရက်နေ့အထိ အတည်ပြုလူနာ (၅၅)ဦးအထိ တိုးလာပြီး အတည်ပြုလူနာများအား မိုးကုတ်ဝိပဿနာ၌ ဖွင့်ထားသည့် ကုသရေးစင်တာနှင့် ဆေးရုံဟောင်းဝန်းအတွင်းရှိ ကုသရေးစင်တာတို့၌ ကုသပေးနေခြင်းဖြစ်ပြီး အတည်ပြုလူနာများနှင့်ထိတွေ့များအား စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~