AFF U 23 ပြိုင်ပွဲဝင်မည့် မြန်မာအသင်း ကိုဗစ်ကူးစက်မှုကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်

မြန်မာ U 23 လက်ရွေးစင်အသင်း
မြန်မာ U 23 လက်ရွေးစင်အသင်း
AFF U 23 ပြိုင်ပွဲဝင်မည့် မြန်မာအသင်း ကိုဗစ်ကူးစက်မှုကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်
ဖေဖော်ဝါရီ 15, 2022 | ကျန်းမာရေး| အခြားဒေသများ
By Tachileik News Agency

AFF U 23 ပြိုင်ပွဲဝင်မည့် မြန်မာလက်ရွေးစင် U 23 အသင်းတစ်သင်းလုံးနီးပါး COVID 19 ကူးစက်ခံရမှုကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ရကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်က ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့တွင် ကြေညာလိုက်သဖြင့် AFF U 23 ပြိုင်ပွဲမှ COVID 19 ကြောင့်နှုတ်ထွက်ရသည့် ဒုတိယမြောက်အသင်းဖြစ်လာသည်။

ပြိုင်ပွဲကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်လာသည့် မြန်မာ U 23 အသင်းအား COVID 19 စစ်ဆေးရာ အသင်းသား အများအပြားတွင် COVID 19 တွေ့ရှိရသဖြင့် အသင်းတာဝန်ရှိသူများအပါအဝင် အနီးကပ်ထိတွေ့သူများအား အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။

မြန်မာအသင်းမတိုင်မီကလည်း အင်ဒိုနီးရှားအသင်းမှ ကစားသမား အများအပြားနှင့် တာဝန်ရှိသူတစ်ဦးတို့တွင် COVID 19 စစ်ဆေးတွေ့ရသဖြင့် ပြိုင်ပွဲမှ နှုတ်ထွက်ထားရခြင်းဖြစ်သည်။

အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့ နှုတ်ထွက်သွားသော်လည်း အုပ်စု B တွင်ကျန်သည့် မလေးရှားနှင့် လာအိုတို့က လာမည့် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

Source: Goal