စစ်ကောင်စီယာဉ်တန်းသည် ကားဘီးပေါက်သည်ကို အလန့်တကြားဖြစ်ပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ(၂)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိ

စစ်ကောင်စီယာဉ်တန်းသည် ကားဘီးပေါက်သည်ကို အလန့်တကြားဖြစ်ပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ(၂)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိ

 

ပဲခူးတိုင်းအတွင်း တောင်ငူမှ ကရင်ပြည်နယ် သံတောင်ကြီးဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ ယာဥ်တန်း(၃)စီးသည် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ နံနက်ပိုင်းက ကားဘီးပေါက်သည်ကို အလန့်တကြားဖြစ်ကာ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သား(၃)ဦးဒဏ်ရာရပြီး (၂)ဦးသေဆုံးသွားကြောင်း KNU တပ်မဟာ(၂)ထံမှ သိရသည်။

ယနေ့ နံနက်(၁၀)နာရီဝန်းကျင်က တောင်ငူမှ သံတောင်ကြီးဘက်သို့ ထွက်ခွာလာပြီး အင်အား( ၅၀)ဝန်းကျင်ခန့်ပါရှိသည့် စစ်ကောင်စီတပ်၏ ယာဥ်( ၃)စီးသည် ပျားစခန်းကျေးရွာအရောက်တွင် ကားဘီးပေါက်သည်ကို ထိတ်လန့်ကာ ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ပျားစခန်းကျေးရွာအတွင်းရှိ ဒေသခံအရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး (၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ညနေပိုင်း(၅)နာရီဝန်းကျင်ကလည်း စစ်ကောင်စီတပ်သည် တောင်ငူမှ သံတောင်ကြီးဘက်သို့ ကားလေး(၂)စီးနှင့် ကားကြီး(၈)စီးတတ်သွားကာ လမ်းတစ်လျှောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။