မိုင်းတုံမြို့တွင် လမ်းလုပ်သား (၆၆)ဦးအဖွဲ့ကို စစ်ဆေးရာ တစ်ဦးတွင် Covid-19 ပိုးတွေ့

မိုင်းတုံမြို့တွင် လမ်းလုပ်သား (၆၆)ဦးအဖွဲ့ကို စစ်ဆေးရာ တစ်ဦးတွင် Covid-19 ပိုးတွေ့
နိုဝင်ဘာ 27, 2020
By Tachileik News Agency

မိုင်းတုံမြို့တွင် လမ်းလုပ်သား (၆၆)ဦးအဖွဲ့ကို စစ်ဆေးရာ တစ်ဦးတွင် Covid-19 ပိုးတွေ့ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် လမ်းလုပ်သား (၆၆)ဦးအဖွဲ့ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် RDT ဖြင့် စစ်ဆေးရာ ပိုးတွေ့လူနာတစ်ဦးတွေ့ရသဖြင့် ကျန် (၆၅)ဦးကို ထပ်မံစစ်ဆေးရန် အသွားအလာကန့်သတ်ထားကြောင်း သိရသည်။
“လူနာ အသက်က (၂၅)နှစ်လောက် ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ကျန်တဲ့သူတွေကိုတော့ facility quarantine ထားတယ်။ ဒီမှာ home quarantine လည်း နည်းနည်းရှိတယ်။ facility quarantine ကတော့ ရန်ကုန်ပြန်တစ်ယောက်ရှိတယ်”ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့တွင် လမ်းလုပ်ငန်းများဆောင်ရွက်ရန် သွားရောက်ကြမည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၊  ဘုရားငါးဆူမှ လမ်းလုပ်သား (၆၆)ဦးပါသည့်အဖွဲ့ကို နိုဝင်ဘာလ (၂၇)ရက်နေ့က မိုင်းတုံ၌ RDT ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပိုးတွေ့လူနာကို မိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဖြစ်ပြီး ကျန် (၆၅)ဦးကို မိုင်းတုံ အထက်တန်းကျောင်း၌ အသွားအလာကန့်သတ်ထားပြီး (၁၁)ရက်မြောက်နေ့တွင် ဒုတိယအကြိမ် ဓာတ်ခွဲနမူနာရယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~