လားရှိုးမြို့တွင် CDM သူနာပြုတစ်ဦးက COVID 19 လူနာများအတွက် လှူဒါန်းနိုင်ရန် မြေကွက်ကို အောက်ဆီဂျင်အိုးကြီး အလုံး(၄၀)ဖြင့် လဲလှယ်လို

လားရှိုးမြို့တွင် CDM သူနာပြုတစ်ဦးက COVID 19 လူနာများအတွက် လှူဒါန်းနိုင်ရန် မြေကွက်ကို အောက်ဆီဂျင်အိုးကြီး အလုံး(၄၀)ဖြင့် လဲလှယ်လို
ဇူလိုင် 20, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်မှ CDM သူနာပြုတစ်ဦးက  လားရှိုးမြို့ပေါ်ရှိ မြေကွက်ကို အောက်ဆီဂျင်အိုးကြီး အလုံး (၄၀) ဖြင့် လဲလှယ်ပြီး COVID 19 လူနာများအား ကူညီရန်ကြိုးစားနေကြောင်း သိရသည်။

COVID 19 တတိယလှိုင်းအတွင်း အောက်ဆီဂျင် လုံလောက်စွာ မရရှိသည့် လူနာများရှိနေသဖြင့် အောက်ဆီဂျင်အိုးများ ငှားရမ်းပေးနိုင်ရန် မြေကွက်အား အောက်ဆီဂျင်အိုးများဖြင့် လဲလှယ်မည်ဖြစ်ပြီး ကပ်ရောဂါကာလပြီးပါက အဆိုပါ အောက်ဆီဂျင်အိုးများကို ဆေးရုံသို့ လှူမည်ဟု သိရသည်။

ကုသမှူလုံလောက်စွာ မရနိုင်သည့်အခြေအနေတွင် ကာကွယ်ရေးကို အလေးထားလုပ်ဆောင်ကြရန်ကိုလည်း အဆိုပါ သူနာပြုက အများပြည်သူကို တိုက်တွန်းထားပြီး မြေကွက် နှင့် နှင့် အောက်ဆီဂျင်လဲလှယ်လိုသူများအနေဖြင့် ဖုန်း 09784384331 သို့ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။

လားရှိုးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့အထိ COVID 19 ကူးစက်ခံရသူ (၁,၂၂၃) ဦး၊ ဆေးရုံဆင်းခွင့်ရသူ  (၆၇၀) ကျော်နှင့် သေဆုံးသူစုစုပေါင်း (၈၀) ဝန်းကျင်ရှိနေကြောင်း သိရသည်။

#TachileikNewsAgency