အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ပါဝင်လှုပ်ရှားကြသည့် ကရင်နီ(ကယား) စစ်ဘေးရှောင်များ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ပါဝင်လှုပ်ရှားကြသည့် ကရင်နီ(ကယား) စစ်ဘေးရှောင်များ
By Tachileik News Agency

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ ဖဲကြိုးဖြူ လှုပ်ရှားမှုအား ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များက အမျိုးသမီးများအတွက် အမျိုးသမီးဖောင်ဒေးရှင်း (WWF) ၊ Burmes Women Union (BWU)  နှင့် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) တို့ဖြင့်ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် လုပ်ဆောင်ကြသည်။

ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအမြစ်ဖြတ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ် ဆောင်ပုဒ်ဖြင့်  အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးမ်ပိန်းကို စစ်ဘေးရှောင်များလည်း ပါဝင်လုပ်ဆောင်နိုင်ရေးအတွက် အမျိုးသမီးများအတွက် အမျိုးသမီးဖောင်ဒေးရှင်း (WWF) ၊ Burmes Women Union (BWU)  နှင့် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) တို့ပူးပေါင်း၍ လုပ်ဆောင်နေခြင်းဖြစ်သည်။

အခမ်းအနားတွင်   ပညာပေးပြောကြားခြင်း၊ အမေးအဖြေကဏ္ဍများပြုလုပ်ခြင်း၊ တိုက်ပွဲများအတွင်း အိုးအိမ်စွန့်ခွာ၍ ရှောင်တိမ်းနေရသော စစ်ရှောင်အမျိုးသမီးများ၏ ကြုံတွေ့နေရသော အခက်ခဲအကြပ်တည်းအချို့အား ရင်ဖွင့်ပြောပြခြင်းနှင့် ဆွေးနွေးနှစ်သိမ့်ခြင်းအပြင် အကများဖြင့် အတူတကွ ကခုန်ခြင်းများကိုပါ ထည့်သွင်းလုပ်ဆောင်ကြသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ ဖဲကြိုးဖြူ လှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) နေ့အထိသတ်မှတ်ထားခြင်းဖြစ်ပြီး ကရင်နီ(ကယားပြည်နယ်)တွင်  အမျိုးသမီးများအတွက် အမျိုးသမီးဖောင်ဒေးရှင်း (WWF) ၊ Burmes Women Union (BWU)  နှင့် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) တို့က ဒေသတွင်းမှ စစ်ဘေးရှောင်များရှိရာနေရာများတွင် ပညာပေးပြောကြားခြင်း၊ အမေးအဖြေကဏ္ဍများပြုလုပ်ခြင်း၊ တိုက်ပွဲများအတွင်း အိုးအိမ်စွန့်ခွာ၍ ရှောင်တိမ်းနေရသော စစ်ရှောင်အမျိုးသမီးများ၏ ကြုံတွေ့နေရသော အခက်ခဲ အကြပ်အတည်းများအား ဆွေးနွေးခြင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ပြဇာတ်ကပြခြင်းစသည့်ကဏ္ဍများဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။