သာမဏေ ၃၈၀၀ ကျော် ဝင်ရောက်ဖြေဆိုမည့် ၇၂ ကြိမ်မြောက် သာသနလင်္ကာရ သာမဏေ နှုတ်ထောက်နှင့် ရေးဖြေ စာလျှောက်မေးခမ်းကျင်းပမည့်ရက် ရွှေ့ဆိုင်း

{၂၀၂၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က ၁၁၅ ကြိမ်မြောက် နယုန်လ သီးခြားစာချတန်း သီးခြားစာသင်တန်း ( သကျသီဟ-ဓမ္မာစရိယ ) စာလျှောက်မေးခမ်းတွင် ဖြေဆိုနေကြသည်ကို မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီးက ဖေါ်ပြထားခြင်းဖြစ်ပါသည်}

By Tachileik News Agency

မန္တလေးမြို့ရှိ ပရိယတ္တိသာသနဟိတ(သကျသီဟ)အသင်းကြီး၏ ယခုနှစ်တွင် ကျင်းပမည့် (၇၂) ကြိမ်မြောက်  သာသနလင်္ကာရ သာမဏေ နှုတ်ထောက်နှင့် ရေးဖြေ စာလျှောက်မေးခမ်း ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ကြေညာထားသည်။

စာမေးပွဲရွှေ့ဆိုင်းရခြင်းအကြောင်းရင်းနှင့် ကျင်းပမည့်ရက်တို့ကို ဖေါ်ပြထားခြင်းမရှိဘဲ စာမေးပွဲဖြေရမည့်ရက်ကိုထပ်မံ၍ကြေငြာမည်ဟု အသိပေးထားသည်။

(၇၂) ကြိမ်မြောက် သာမဏေ စာလျောက်မေးခမ်းတွင် ပထမဆင့် အထက်မြန်မာပြည်မှ (၁၂၈၃)ပါး၊ နှင့် ပထမဆင့် အောက်မြန်မာပြည်မှ (၉၉၃)ပါး၊ ဒုတိယအဆင့် (၉၈၆)ပါးနှင့် တတိယအဆင့် (၆၂၃)ပါး စုစုပေါင်း သာမဏေ (၃၈၈၅)ပါး ဝင်ရောက်ဖြေဆိုကြရန် စာရင်းပေးထားကြခြင်းဖြစ်သည်။

(၇၂)ကြိမ်မြောက် စာမေးပွဲအတွက် လျှောက်လွှာတင်သွင်းခြင်းကို ဩဂုတ်လ (၂၃)ရက်နေ့ကစတင်၍ လက်ခံခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်အရ စာမေးပွဲကျင်းပမည့်ရက် ပြောင်းလဲမှုရှိပါက ကြေညာမည် ထုတ်ပြန်ထားခဲ့သည်ကိုလည်း တွေ့ရသည်။