မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကြောင့်  တရုတ်-အာဆီယံ ထိပ်သီးအထူးအစည်းအဝေးသို့ မြန်မာ တက်ရောက်ခွင့် ဆုံးရှုံး

Photo: PAFA
Photo: PAFA
မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကြောင့်  တရုတ်-အာဆီယံ ထိပ်သီးအထူးအစည်းအဝေးသို့ မြန်မာ တက်ရောက်ခွင့် ဆုံးရှုံး
နိုဝင်ဘာ 22, 2021 | နိုင်ငံတကာသတင်း

တရုတ် - အာဆီယံဆက်ဆံရေး နှစ် (၃၀)ပြည့် ထိပ်သီးအထူးအစည်းအဝေးကို ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် စတင်ကျင်းပနေပြီး မြန်မာနိုင်ငံမှ အာဏာသိမ်းခေါင်းဆောင်ကို တက်ရောက်ခွင့် မပေးသည့် ဒုတိယမြောက် အာဆီယံဆိုင်ရာ ထိပ်သီးအစည်းအဝေးတစ်ခုဖြစ်လာသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် တရုတ် - အာဆီယံထိပ်သီးအစည်းအဝေးများကို တက်ရောက်ခွင့်ဆုံးရှုံးသွားခဲ့ရခြင်းဖြစ်သည်။

လက်ရှိကျင်းပနေသည့် အစည်းအဝေးကို မြန်မာအာဏာသိမ်းခေါင်းဆောင် တက်ရောက်ခွင့်ရရေး တရုတ်နိုင်ငံက ကြိုးပမ်းခဲ့သော်လည်း အာဆီယံနိုင်ငံအချို့၏ ကန့်ကွက်မှုကြောင့် တက်ရောက်ခွင့်မရခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ပင် အပါအဝင် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်နေကြပြီး တရုတ် - အာဆီယံအနာဂတ် ဆက်ဆံရေးနှင့် ဒေသတွင်းအရေးကိစ္စများကို ဆွေးနွေးကြမည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၆) ရက်နေ့က ကျင်းပသည့် (၃၈) ကြိမ်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့လည်း မြန်မာအာဏာသိမ်းအဖွဲ့ စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုဘဲချန်လှပ်ထားခံရခြင်းဖြစ်သည်။