မြန်မာနိုင်ငံ အပါအဝင် အာဆီယံ (၅)နိုင်ငံကို Covid-19 ကူးစက်နိုင်ချေများသည့် နိုင်ငံများအဖြစ် ထိုင်းနိုင်ငံက သတ်မှတ်

မြန်မာနိုင်ငံ အပါအဝင် အာဆီယံ (၅)နိုင်ငံကို Covid-19 ကူးစက်နိုင်ချေများသည့် နိုင်ငံများအဖြစ် ထိုင်းနိုင်ငံက သတ်မှတ်
ဧပြီ 24, 2020
By Tachileik News Agency

မြန်မာနိုင်ငံ အပါအဝင် အာဆီယံ (၅)နိုင်ငံကို Covid-19 ကူးစက်နိုင်ချေများသည့် နိုင်ငံများအဖြစ် ထိုင်းနိုင်ငံက သတ်မှတ်

မြန်မာနိုင်ငံအပါအဝင် အာဆီယံ (၅)နိုင်ငံကို COVID 19 ဗိုင်းရပ်စ်ကူးစက်နိုင်ချေများသည့် နိုင်ငံများအဖြစ် ထိုင်းနိုင်ငံက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့ကစ၍ ထည့်သွင်းသတ်မှတ်ထားကြောင်း သိရသည်။

မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် အတည်ပြုလူနာများ ထပ်တိုးလာနေ၍ COVID 19 ဗိုင်းရပ်စ်ကူးစက်နိုင်ချေများသည့် နိုင်ငံများအဖြစ် ထည့်သွင်းလိုက်ခြင်းဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံက မတ်လ (၆)ရက်နေ့တွင် ဟောင်ကောင်နှင့် မကာအိုအပါအဝင် တရုတ်၊ တောင်ကိုရီးယား၊ အီတလီနှင့် အီရန်နိုင်ငံတို့ကို COVID 19 ဗိုင်းရပ်စ်ကူးစက်နိုင်ချေများသည့် နိုင်ငံများအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ သတ်မှတ်ထားသည့် နိုင်ငံများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက ရောဂါကာကွယ်ရေးနှင့် နိုင်ငံတွင်း အဝင်အထွက် ထိန်းချုပ်ခြင်းများကို တင်းကြပ်စွာဆောင်ရွက်ကြမည်ဖြစ်သည်။

ထိုင်းနိုင်ငံက လတ်တလောတွင် မြန်မာနှင့် နယ်စပ်ဂိတ်များအားလုံးကို ပိတ်ထားသည့်အပြင် နယ်စပ်တစ်လျှောက် ခိုးဝင်ပေါက်များကိုပါ တင်းကြပ်စွာ စောင့်ကြည့်ပိတ်ပင်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency
Source: The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~