နတ်ဆရာက စေလွှတ်၍ နယ်စပ်မှ တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား (၂၁) ဦးအဖွဲ့ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ

နတ်ဆရာက စေလွှတ်၍ နယ်စပ်မှ တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား (၂၁) ဦးအဖွဲ့ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ
ဇူလိုင် 22, 2020
By Tachileik News Agency

နတ်ဆရာက စေလွှတ်၍ နယ်စပ်မှ တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား (၂၁) ဦးအဖွဲ့ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း ထောင်ကျနေသည့် သူငယ်ချင်းဖြစ်သူအား ကယ်တင်ပေးရန် နတ်ဆရာက စေလွှတ်လိုက်သည်ဟုဆိုသည့် မြန်မာအမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၂၁) ဦးကို ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့၌ ဖမ်းမိထားကြောင်း သိရသည်။

တူညီဝတ်စုံများဝတ်ထားသည့် အမျိုးသား၊ အမျိုးသမီး (၂၁) ဦးကို တွေ့ရသဖြင့် စစ်ဆေးရာမှ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများဖြစ်သည်ကို စစ်ဆေးတွေ့ရသဖြင့် covid 19 ဓာတ်ခွဲစစ်ဆေးထားကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှာ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် နတ်ဆရာ၏ သူငယ်ချင်းဖြစ်သူအား ပြန်လည်ခေါ်ဆောင်လာရန် နတ်ဆရာ၏ စေခိုင်းချက်အရ ဘုရားသုံးဆူတောင်ကြားလမ်းမှနေ၍ ထိုင်းနိုင်ငံတွင်းသို့ ဝင်လာပြီး ၎င်းတို့အား ထိုင်းဘက်တွင် ဗင်ကား (၅)စီးဖြင့် လာရောက်ကြိုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ လုပ်ဆောင်ချက်များမှာ ထိုင်းဥပဒေကို ချိုးဖေါက်ခြင်းဖြစ်ကြောင်းကို သိရှိရခြင်း မရှိကြောင်း ဖမ်းဆီးခံရသူများထဲမှ အမျိုးသမီးတစ်ဦးက ပြောကြောင်း သိရပြီး ထိုင်းနိုင်ငံတွင်းသို့ ခေါ်ဆောင်ပေးသူများကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေကြောင်း သိရသည်။

အဆိုပါအဖွဲ့အား ဓာတ်ခွဲစစ်ဆေးထားမှုများမှ ဓာတ်ခွဲအဖြေများမှာ ဇူလိုင်လ (၂၃)ရက်နေ့၌ ရရှိဖွယ်ရှိကြောင်း သိရသည်။

Tachileik News Agency
Source: Bangkok Post


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~