ထိုင်းနိုင်ငံ ချင်းရိုင်း- ချင်းမိုင်လမ်းနှင့် ချင်းရိုင်း - ဖယောင်းလမ်းများကို ဧပြီလကုန်အထိ ပိတ်ထားမည်

ထိုင်းနိုင်ငံ ချင်းရိုင်း- ချင်းမိုင်လမ်းနှင့် ချင်းရိုင်း - ဖယောင်းလမ်းများကို ဧပြီလကုန်အထိ ပိတ်ထားမည်
ဧပြီ 7, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ ချင်းရိုင်း- ချင်းမိုင်လမ်းနှင့် ချင်းရိုင်း - ဖယောင်းလမ်းများကို ဧပြီလကုန်အထိ ပိတ်ထားမည်

ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် နယ်နမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင် COVID-19 ကူးစက်မှုတားဆီးထိန်းချုပ်နိုင်ရေးအတွက် အဝေးပြေးလမ်းမကြီးများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

အဝေးပြေးလမ်းမ အမှတ် ၁၀၉ ( မယ်ဆွေ့ခရိုင်- ဖန်ခရိုင်ဆက်၊ ပဒက်ခရိုင်ခွဲ၊ မယ်ဆွေ့ခရိုင်၊ ချင်းရိုင်းပြည်နယ်)၊ အဝေးပြေးလမ်းမ အမှတ် ၁၁၅၀ (ချင်းရိုင်းပြည်နယ်နှင့် ချင်းမိုင်ပြည်နယ်အကြား ဆက်သွယ်ထားသောလမ်း)၊ အဝေးပြေးလမ်းမ အမှတ် ၁၂၀၂ (ဖယောင်းပြည်နယ်နှင့် ချင်းရိုင်းပြည်နယ်အကြား ဆက်သွယ်ထားသောလမ်း)၊ အဝေးပြေးလမ်းမအမှတ် ၁၂၉၂ (ဖယောင်းပြည်နယ်နှင့် ချင်းရိုင်းပြည်နယ်အကြား ဆက်သွယ်ထားသောလမ်း)၊ ကျေးရွာချင်းဆက်လမ်းအမှတ် ၃၀၃၇ (ချင်းရိုင်းပြည်နယ် မူအန်းခရိုင်နှင့် ချင်းမိုင် ပြည်နယ် မယ်အီခရိုင်အကြားဆက်သွယ်ထားသောလမ်း)၊ ကျေးရွာချင်းဆက်လမ်းအမှတ် ၄၀၂၄ (ချင်းရိုင်းပြည်နယ် ပဒက်ခရိုင်နှင့် ဖယောင်း ပြည်နယ် ဒုတ်ခန်တိုင်ခရိုင်အကြား ဆက်သွယ်ထားသောလမ်း)၊ ကျေးရွာချင်းဆက်လမ်းအမှတ် ၄၀၂၅ (ဖယောင်းပြည်နယ် ချန်ခန်ခရိုင်နှင့် ချင်းရိုင်း ပြည်နယ် သိန်းခရိုင် တို့အကြား ဆက်သွယ်ထားသောလမ်း)တို့ကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

လိုက်နာ ရန်ပျက်ကွက်ပါက ကူးစက်ရောဂါဆိုင်ရာ အက်ဥပဒေ ၂၀၀၅ အရ ထောင်ဒဏ် (၁) နှစ် ထက်မပိုသောပြစ်ဒဏ် သို့မဟုတ် ဒဏ်ကြေးငွေ ဘတ်တစ်သိန်း သို့မဟုတ် ပြစ်ဒဏ် (၂) ရပ်လုံး အား ချမှတ်ခြင်း သို့မဟုတ် အရေးပေါ် ဥပဒေ ၂၀၀၅ အရ ထောင်ဒဏ် (၂) နှစ် သို့မဟုတ် ဘတ် (၄၀,၀၀၀) သို့မဟုတ် ပြစ်ဒဏ် နှစ်မျိုးလုံးအားလည်းကောင်း ချမှတ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~