နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ် ဝယ်ယူသူများ၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံရေး ဆောင်ရွက်ပေးထား

နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ် ဝယ်ယူသူများ၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံရေး ဆောင်ရွက်ပေးထား
နိုဝင်ဘာ 22, 2021 | အခြားဒေသများ

နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များကို ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက် (၉) နာရီမှစ၍ https://www.unitedbonds-nug.org/ မှတစ်ဆင့် လေ့လာကြည့်ရှု ဝယ်ယူနိုင်ကြပြီဖြစ်ပြီး ဝယ်ယူသူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် ဆောင်ရွက်ပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာထားသည်။

ဝယ်ယူရန် အသေးစိတ်လမ်းညွှန်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တရားဝင် Facebook စာမျက်နှာများမှ အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

 ဘဏ်ငွေလွှဲစနစ်ကိုလည်း စိတ်ချလုံခြုံစွာ ငွေလွှဲပြောင်းပေးပို့နိုင်ရေးဆောင်ရွက်ထားပြီး တစ်ဦးချင်းဖြစ်စေ အစုလိုက်ဖြစ်စေ ဝယ်ယူနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

အထူးငွေတိုက်စာချုပ် ဝယ်ယူသူအနေဖြင့် မူလပိုင်ရှင်အပြင် ဆက်ခံသူတစ်စုံတစ်ဦးကိုလည်း ထည့်သွင်းနိုင်မည်ဖြစ်ပြီး သက်တမ်း (၂)နှစ်ရှိမည့် ဒေါ်လာ (၁၀၀)၊ ဒေါ်လာ (၅၀၀)၊ ဒေါ်လာ (၁၀၀၀)နှင့် ဒေါ်လာ (၅၀၀၀)တန် အထူးငွေတိုက်စာချုပ်များကို ရောင်းချပေးမည်ဖြစ်သည်။