ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ လဝကရုံး နှင့် ဇမိခန်းမကို ဒရုန်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ လဝကရုံး နှင့် ဇမိခန်းမကို ဒရုန်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်

 အာဏာသိမ်းစစ်ကောင်စီတပ်များ အခြေချတပ်စွဲထားသည့် ကြာအင်းဆိပ်ပြီးမြို့နယ်အတွင်းရှိ ဇမိခန်းမ နှင့် မြို့နယ်လဝကရုံးတို့ကို KNLA နှင့် Cloud Wings Drone တပ်ဖွဲ့တို့ ပူးပေါင်းပြီး (၂)ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။



အဆိုပါ နေရာ(၂)နေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်  Cloud Wings Drone တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၃ခုနှစ် ဇွန်လ(၇)ရက်နေ့နှင့် (၈)ရက်နေ့တို့တွင် 81MM ဗုံးသီးများအသုံးပြုကာ Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ခန်းမ နှင့် လဝကရုံးတို့မှာ ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးကာ (၅)ဦး ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

 Droine ဖြင့် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က 120MM၊ 81MM၊ 60MM ဗုံးသီးများသုံးကာ လက်နက်ကြီးများနှင့် နေရာအနှံ့ရမ်းသမ်းပစ်ခတ်သော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်းသိရသည်။ 



ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်  Cloud Wings Drone တပ်ဖွဲ့ အပါအဝင် SOF တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ၂၀၂၃ခုနှစ် မေလ(၂၇)ရက်နေ့ကစကာ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ခလရ(၂၈၄)တပ်ရင်း  အပါအဝင် မြို့နယ်ရဲစခန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနေအိမ်၊ ရဲလိုင်းခန်း၊ မြို့နယ်တရားရုံးနှင့် တရားသူကြီးနေအိမ် စသည့် နေရာများကို တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

 

Photo: Cloud Wings Drone