ကယား(ကရင်နီ)ပြည်နယ် တိုက်ပွဲများအတွင်း မြို့(၃)မြို့တွင် လက်နက်ကြီး/ငယ်များထိမှန်၍  အိမ်ခြေ (၁၅၅)အိမ် ပျက်စီး ဆုံးရှုံး

ကယား(ကရင်နီ)ပြည်နယ် တိုက်ပွဲများအတွင်း မြို့(၃)မြို့တွင် လက်နက်ကြီး/ငယ်များထိမှန်၍  အိမ်ခြေ (၁၅၅)အိမ် ပျက်စီး ဆုံးရှုံး
ဇူလိုင် 11, 2021 | ကယား

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့် ကယား(ကရင်နီ)ပြည်နယ် တိုက်ပွဲများအတွင်း မြို့(၃)မြို့မှ အိမ်ခြေ (၁၅၅)အိမ် ပျက်စီး  ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ဇူလိုင်လ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

မိုးဗြဲမြို့တွင် ပျက်စီးဆုံးရှုံးသွားသည့် လူနေအိမ် (၈၈)အိမ်မှာ တစ်အိမ်လုံး ပြာကျသွားသည့် အိမ်ခြေမှာ (၂၀)ရှိနေပြီး လက်နက်ကြီး ထိမှန်သည့် အိမ်မှာ (၂၈)အိမ်ရှိကာ လက်နက်ငယ် ထိမှန်သည့် နေအိမ်မှာ  (၄၀)ရှိနေကြောင်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ် တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် မြို့(၃)မြို့မှ အိမ်ခြေများမှာ မိုးဗြဲမြို့မှ (၈၈)အိမ်၊ ဒီးမော့ဆိုမြို့မှ (၅၈)အိမ် နှင့် လွိုင်ကော်မြို့မှ (၉)အိမ်တို့ ဖြစ်ကြောင်း သိရသည်။

PKPF ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည့် ပျက်စီးဆုံးရှုံးသည့် အိမ်အရေအတွက်မှာ PKPF မှ လက်လှမ်းမီသမျှ စုရင်းပြုစုထားချက်အရသာဖြစ်ပြီး ဒီထက်မကလည်း ရှိနိုင်သေးကြောင်း အသိပေးထားသည်။ 

ကယား(ကရင်နီ)ပြည်နယ် တိုက်ပွဲများတွင် ပြည်သူ့ကိုယ်စားပြု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင်း စစ်ဘေးရှောင်ပြည်သူများမှာ တစ်သိန်းကျော်ရှိနေကြောင်း သိရသည်။

 

#TachileikNewsAgency

Photo: PKPF