မိုးဗြဲမြို့ရဲစခန်းကို  PDF ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ရဲစခန်းမှ (၂၀) ဦးသေဆုံးပြီး ရဲ(၄)ဦး ဖမ်းမိထား

မိုးဗြဲမြို့ရဲစခန်းကို  PDF ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ရဲစခန်းမှ (၂၀) ဦးသေဆုံးပြီး ရဲ(၄)ဦး ဖမ်းမိထား

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မရဲစခန်းအား ၂၀၂၁ ခုနှစ် မေလ (၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင်  ပြည်သူ့ကာကွယ်ရေးတပ် (PDF)မှ ဝင်ရောက်သိမ်းနိုင်ခဲ့ပြီး ရဲ (၂၀) ဦးသေဆုံး၍ (၄)ဦးဖမ်းမိထားကြောင်းသိရသည်။

"ကျွန်တော်တို့ အပြန်အလှန်ပစ်နေတာပါ ။ သူတို့ဖက် စခန်းကျသွားတော့ ထွက်ပြေးတဲ့ သူတွေပါ ဖမ်းမိတယ်။ (၄) ယောက်ဖမ်းမိထားတယ်။ သေတာတော့ (၂၀) လို့ပြောတယ်။ သေချာ​တော့ မရေကြည့်ရ​သေးဘူး ။ တိုက်ပွဲက ဆက်ဖြစ်အုံးမယ်ထင်တယ်။ သူတို့ဖက် စစ်ကူလာဖို့ရှိတယ်ကြားတယ်။ ရဲစခန်းကတော့ ကျသွားပါပြီ။"ဟု PDF အဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မေလ (၂၃)ရက်နေ့ နံနက်ပိုင်းက စ၍ မိုးဗြဲမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ရဲစခန်းအား သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဖက်မှ ရဲ (၂၀)ဦးခန့်ကျဆုံး၍ (၄)ဦးနှင့်တကွ လက်နက်များကိုပါ ဖမ်းဆီးရမိထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း PDF ဖက်မှ (၅)ဦးဒဏ်ရာ ရရှိထားသည်။



Photo: CJ