ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် စက်ယန္တယားများ ဝယ်ယူ ငှားရမ်းခြင်းများ ထပ်မံ မပြုလုပ်ရန် လွှတ်တော်တွင် တိုက်တွန်းကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် စက်ယန္တယားများ ဝယ်ယူ ငှားရမ်းခြင်းများ ထပ်မံ မပြုလုပ်ရန် လွှတ်တော်တွင် တိုက်တွန်း

ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် စက်ယန္တယားများ ဝယ်ယူ ငှားရမ်းခြင်းများ ထပ်မံ မပြုလုပ်ရန် လွှတ်တော်တွင် တိုက်တွန်းကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် စက်ယန္တယားများ ဝယ်ယူ ငှားရမ်းခြင်းများ ထပ်မံ မပြုလုပ်ရန် လွှတ်တော်တွင် တိုက်တွန်း
ဇွန် 13, 2020
By Tachileik News Agency
ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်  စက်ယန္တယားများ ဝယ်ယူ ငှားရမ်းခြင်းများ ထပ်မံ မပြုလုပ်ရန် လွှတ်တော်တွင် တိုက်တွန်း

ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေခေါင်းစဉ်ဖြင့် စက်ယန္တယားများဝယ်ယူပြီး ပုဂ္ဂလိကသို့ ငှားရမ်းခြင်းလုပ်ငန်းများ ထပ်မံ မပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များက ၂၀၂၀ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် ပြုလုပ်သည့်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် တိုက်တွန်းဆွေးနွေးကြသည်။

မော်တော်ယာဉ်များကို ရပ်နားထားသည့်အတွက် အချိန်ကြာလာသည်နှင့်အမျှ မော်တော်ယာဉ်များပျက်စီးလာသည့် အတွက် သင့်တော်သောဈေးနှုန်းဖြင့် အမြန်ဆုံးရောင်းချပေးရန် တိုက်တွန်းလိုပါတယ်။ နောက်နောင်တွင်လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စက်ပစ္စည်းများဝယ်ယူပြီး ငှားရမ်းမှုများ မဆောင်ရွက် သင့်ကြောင်း တိုက်တွန်းလိုပါတယ်

ဟု အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက လွှတ်တော်တွင် ဆွေးနွေးသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ အရ စက်ယန္တယားများရောင်းချရန်အတွက် ၂၀၂၀ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ ပထမအကြိမ် တင်ဒါခေါ်ယူထားပြီး မေလ (၁၈) ရက်နေ့မှ ဇွန်လ (၁၇) ရက်နေ့အထိ ဒုတိယအကြိမ်တင်ဒါခေါ်ယူထားကာ ဌာနပိုင် စက်ယန္တယား (၁၆) စီးရောင်းချမည်ဖြစ်ကာ လိုင်စင်ထုတ်ယူ၍ မရသည့် (၂) စီးကို ပြည်နယ်စည်ပင်သာယာရေးအဖွဲ့သို့ ပေးပို့ထားကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၁၀၃၀.၆၀) ကို အသုံးပြုပြီး စက်ယန္တယားနှင့် SKAT ယာဉ်များဝယ်ယူခဲ့ရာတွင် ဝယ်ယူရေးကော်မတီဖွဲ့စည်းမှု မရှိခြင်း၊ တင်ဒါခေါ်ယူ၍ ဝယ်ယူထားသည့် အထောက်အထားမရှိခြင်း၊ စက်ယန္တယားနှင့် SKAT ယာဉ် အစီး (၂၀) မြေပြင်တွင်တွေ့ရှိခဲ့ရသော်လည်း စာရင်းစစ်အစီရင်ခံစာတွင် (၁၈) စီးသာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရခြင်း စသည့် အချက်အလက်များကို ဇွန်လ (၁၁) ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့၏ (၄)နှစ်တာကာလ တိုင်ကြားစာများအပေါ် ဆောင်ရွက်ထားရှိမှုအစီရင်ခံစာတွင် ဖော်ပြပါရှိခဲ့သဖြင့် ဇွန်လ (၁၂) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။   

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~