လားရှိုးမြို့၏ ယာဉ်ထိန်းရဲရုံးအား ဒေသကာကွယ်ရေးအဖွဲ့က သတိပေးသည့်အနေဖြင့် ဖောက်ခွဲ 

လားရှိုးမြို့၏ ယာဉ်ထိန်းရဲရုံးအား ဒေသကာကွယ်ရေးအဖွဲ့က သတိပေးသည့်အနေဖြင့် ဖောက်ခွဲ 
နိုဝင်ဘာ 14, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ ရပ်ကွက်(၁)ရှိ ယာဉ်ထိန်းရုံးအား ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် People Security & Defense LSO Army က ယနေ့ နံနက်အစောပိုင်းတွင် သတိပေးသည့် အနေဖြင့် ဗုံးဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့ (၅)နာရီ(၁၅)မိနစ်အချိန်က ဗုံးဖောက်ခွဲမှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး  အဆိုပါ ပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရုံးရှိ ကားအချို့ ထိမှန်သွားသည်များရှိကြောင်း နှင့် ရုံးရှေ့တွင် သံဇကာဖြင့်ကာထားလိုက်ကြောင်းလည်း သိရသည်။

တစ်လုံးပဲ ခွဲပါသေးတယ်။ သတိပေးတဲ့ သဘောပါ။ သူတို့ရဲ့ကားတွေတော့ ထိသွားတယ်။ သံဇကာတွေတော့ ကာလိုက်ပြီ။

ဟု အဖွဲ့ဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

People Security & Defense LSO Army သည် ဒေသတွင်းနေ ပြည်သူများ ဘေးကင်းရေးအတွက် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံများ၊ သတင်းပေးဒလန်များ၊ ရုံးအဆောက်အဦးပတ်ဝန်းကျင်နေရာများအနီးတွင် အနီးကပ် သွားလာလှုပ်ရှားခြင်းများ မပြုလုပ်ရန်လည်း ကြိုတင်သတိပေးထားသည်များလည်း ရှိသည်။