ကျောက်မဲမြို့ရှိ ဟိုတယ်တခုတွင် ဝါယာရှော့ဖြစ်၍ မီးလောင်

ကျောက်မဲမြို့ရှိ ဟိုတယ်တခုတွင် ဝါယာရှော့ဖြစ်၍ မီးလောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ဟိုတယ်တစ်ခုတွင် လျှပ်စစ်မိန်းခုံကနေတဆင့် မီးလောင်မှု ၂၀၂၁ခုနှစ် ဧပြီလ(၂၈)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ကျောက်မဲမြို့ရှိ One Love Hotel၏ လျှပ်စစ်မိန်းဘုတ်ခုံများထားရှိသောအခန်းမှ ဝါယာကြိုးများမီးတောက်လောင်နေကြောင်း သတင်းအရ ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့က အချိန်မှီသွားရောက် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင်း ကြီးကြီးမားမား လောင်ကျွမ်းပျက်စီးမှု နှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။



မီးလောင်မှုနှင့် ပတ်သက်၍ ဟိုတယ်၏ မန်နေဂျာဖြစ်သူအား ကျောက်မဲမြို့မရဲစခန်းတွင် ( ပ ) ၆၂/ ၂၀၂၁ ၊ ရာဇသတ်ကြီးပုဒ်မ- ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။