ကျောက်မဲမြို့အဝင် တိုးဂိတ်အနီးရှိ တည်းခိုခန်းတွင် ဖြစ်ပွားသည့် နှစ်လောင်းပြိုင်လူသတ်မှုအား ကျူးလွန်သူ(၂)ဦးကို ဖမ်းဆီးထားဟုဆို

ကျောက်မဲမြို့အဝင် တိုးဂိတ်အနီးရှိ တည်းခိုခန်းတွင် ဖြစ်ပွားသည့် နှစ်လောင်းပြိုင်လူသတ်မှုအား ကျူးလွန်သူ(၂)ဦးကို ဖမ်းဆီးထားဟုဆို
အောက်တိုဘာ 6, 2020
By Tachileik News Agency
ကျောက်မဲမြို့အဝင် တိုးဂိတ်အနီးရှိ တည်းခိုခန်းတွင် ဖြစ်ပွားသည့် နှစ်လောင်းပြိုင်လူသတ်မှုအား ကျူးလွန်သူ(၂)ဦးကို ဖမ်းဆီးထားဟုဆို
ရှမ်းပြည်နယ်(​မြောက်ပိုင်း) ကျောက်မဲမြို့ရှိ အိုရီယမ်တယ်ဟိုက်ဝေး တိုးဂိတ်အနီးရှိ နီလွင် တည်းခိုခန်းတွင် ဖြစ်ပွားခဲ့သည့် (၂)လောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ ဆက်စပ်သူဟု ဆိုသည့် (၂)ဦးကို ကျောက်မဲမြို့မရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
နီလွင် တည်းခိုခန်းမှ မန်နေဂျာဖြစ်သူ အမျိုးသားနှင့်ဇနီးတို့ နှစ်ဦးသည်  ၂၀၂၀ခုနှစ် စက်တင်ဘာ (၈)ရက်၊ ညပိုင်းက သတ်ခံရခြင်း ဖြစ်သည်။ 
"အဲ့ဒီဖြစ်စဥ်ကို စုံစမ်းစစ်ဆေးနေတဲ့ ကာလမှာ မသင်္ကာဖွယ် အမျိုးသားတစ်ဦးဖြစ်တဲ့ ဟန်ထူးအောင်ကို စတင်စစ်ဆေးခဲ့ပါတယ်။ အဲ့ဒီကနေ ကျော်ဇင်ညီလွင်ကို ဆက်လက်ပြီး စစ်ဆေးတဲ့အခါ သူတို့ (၂)ယောက်က သတ်တယ်လို့ တရားရုံးမှာ ဖြောင့်ချက်ပေးထားတဲ့ အခြေအနေထိ ရောက်နေပါပြီ" ဟု ကျောက်မဲမြို့မရဲစခန်းမှ  စခန်းမှူးဖြစ်သူ ဒုရဲမှူး ရဲမြင့်အောင် က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ (၆)ရက်တွင် ပြောသည်။
ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၈၆ / ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းနေသည့် အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ စက်တင်ဘာလ (၁၁)ရက်နေ့ကတည်းက အမျိုးသား (၂)ဦးကို ထိန်းသိမ်းစစ်ဆေးနေခဲ့ခြင်း ဖြစ်ကာ အမှုအား စုံလင်စွာတည်ဆောက်နိုင်ရန် ကြိုးစားနေသည့်အတွက် လက်ရှိအချိန်ထိ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။
သေဆုံးသူများ၏ မိသားစုဝင်များ ပြောပြချက်အရ ဒေါ်ခင်ဝင်း ဝတ်ဆင်ထားသော ကျောက်နီ နားကပ် တစ်ရံ၊ အလေးချိန် (၅)ကျပ်သားခန့်ရှိသည့် ရွှေဆွဲကြိုး တစ်ကုံး နှင့် ရေအိုးပုံ ရွှေဆွဲသီး၊ စပရိန်ပုံ ရွှေလက်စွပ် တစ်ကွင်းမှာ ပျောက်ဆုံးနေသည့်အပြင် တည်းခိုခန်း၌ တပ်ဆင်ထားသော CCTV များလဲ ပျက်နေပြီး မန်နေဂျာစားပွဲမှ တည်းခိုသူ မှတ်တမ်းစာအုပ်လဲ ပျောက်ဆုံးနေရာ လက်ရှိအချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်းလည်း သိရသည်။ 
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~