ပုပ္ပါးရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ကွန်ပြူတာသင်တန်းကျောင်းတွင် မီးရှို့ဖျက်ဆီးခံရ

 ပုပ္ပါးရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ကွန်ပြူတာသင်တန်းကျောင်းတွင် မီးရှို့ဖျက်ဆီးခံရ
နိုဝင်ဘာ 13, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်း - ပုပ္ပါးလမ်းပေါ်ရှိ ပုပ္ပါးကျေးရွာတွင် ဖွင့်လှစ်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ကွန်ပြူတာ သင်တန်းကျောင်း ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့အကူးပိုင်းအချိန်က ဖျက်ဆီးခံရကြောင်း သိရသည်။

"ညကတော့ မသိလိုက်ဘူး မနက်ရောက်တော့ ဖြတ်သွားချိန် ဆိုင်းဘုတ် ဖျက်ဆီးခံထားရတာကိုတွေ့တာ။ ဘယ်သူတွေ ဖျက်သွားလဲဆိုတာကိုတော့ အတိအကျတော့ မသိဘူး။ ဒါပေမဲ့ ဒီလို လုပ်တယ်ဆိုတာက ပြည်သူတွေ မဟုတ်ဘူး။ စကစ ရဲ့ လက်ပါးစေတွေပဲ ဖြစ်မှာပေါ့ ကျုပ်တို့ဒေသက လူတွေက ဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူး"ဟု ပုပ္ပါးဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

 

အာဏာသိမ်းစစ်ကောင်စီ၏ လက်ပါးစေများက မီးရှို့ဖျက်ဆီးသွားသည့်အတွက် သင်တန်းကျောင်းအတွင်းရှိ အသုံးအဆောင်များနှင့် စာရွက်စာတမ်းများအားလုံး မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံက သိရသည်။

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သွားသည့် မိခင်ဖြစ်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ အသက် (၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ်  ကမကထပြု၍ တည်ထောင်ထားခြင်း ဖြစ်သည်။

 

#TachileikNewsAgency