ဆွမ်ပရာဘွမ်ရှိ စစ်ကောင်စီဗျူဟာစခန်းကုန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်

ဆွမ်ပရာဘွမ်ရှိ စစ်ကောင်စီဗျူဟာစခန်းကုန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့အနီးရှိ စစ်ကောင်စီ၏ ခလရ (၄၆) ဗျူဟာစခန်းကုန်းကို KIA တပ်မဟာ (၁)နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များမှ ယနေ့ ၂၀၂၄ခုနှစ် မေလ (၅) ရက်နေ့ မနက်ပိုင်းတွင်  အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်မြေပြင်သတင်းရင်းမြစ်ထံမှသိရသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား (၂၅၀) ခန့်ထိုင်သည့် အဆိုပါစခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့များမှ မတ်လ (၁၇) ရက်နေ့မှ စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်လခွဲခန့်အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းမကျစေရေးအတွက် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးတွင် အကျအဆုံးများစွာဖြင့် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရသည်။

လက်ရှိအချိန်အထိ KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး ၊ ဆွမ်ပရာဘွမ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency