ရွှေကျင်တွင် စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွားသဖြင့် KNLAက စခန်းအား မီးရှို့ဖျက်ဆီး 

ရွှေကျင်တွင် စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွားသဖြင့် KNLAက စခန်းအား မီးရှို့ဖျက်ဆီး 

ပဲခူးတိုင်း ‌ရွှေကျင်မြို့နယ်(ဆောထိ)အတွင်းရှိ စစ်ကောင်စီတပ်၏ ကွန်ဖဲ့စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားသဖြင့် KNLAက စခန်းအား မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တောင်ခြေရင်း ရှေ့တန်းတပ်စခန်းအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဆိုပါစခန်းနှင့် အပြန်အလှန်လုံခြုံရေးအရ အထောက်အကူယူထားသည့် ဝင်းကလုံးစစ်‌ကောင်စီတပ်စခန်းမှ ခမရ(၃၅၂) စစ်ကြောင်း(၂)မှာ စခန်းအား

ဒီဇင်ဘာလ (၂)ရက်နေ့တွင် စွန့်ခွာသွားကြောင်း သိရသည်။

ထို့နောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့တွင်လည်း ကွန်ဖဲ့စခန်းတွင် ခြေကုတ်ယူထားသော စစ်ကောင်စီတပ်များသည် စခန်းမှ ဆုတ်ခွာခဲ့သောကြောင့် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် KNLAမှ သွားရောက်ရှင်းလင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အဆိုပါစခန်းများမှ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်များသည် မြို့နှင့်အနီးဆုံး တပ်စခန်းများသို့ ပြန်လည်အင်အားဖြည့် ပူးပေါင်းထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNLA GHQ