"ဝ"အထူးဒေသ( ၂) ပန်ဆန်း (ပန်ခမ်း) တစ်မြို့လုံးကို  COVID 19 စစ်ဆေးရန်  Lockdown သတ်မှတ်

"ဝ"အထူးဒေသ( ၂) ပန်ဆန်း (ပန်ခမ်း) တစ်မြို့လုံးကို  COVID 19 စစ်ဆေးရန်  Lockdown သတ်မှတ်
နိုဝင်ဘာ 10, 2021 | Covid-19

"ဝ"အထူးဒေသ( ၂) ပန်ဆန်း (ပန်ခမ်း) မြို့ကို  ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့ ည (၁၂)နာရီမှစ၍ Lockdown ချကာ COVID 19 စစ်ဆေးပြီးမှ Lockdown ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်ဆန်း (ပန်ခမ်း)မြို့ကို ဗဟိုရောဂါကာကွယ်ထိန်းချုပ်ရေးဦးဆောင်အဖွဲ့က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ ည (၁၂) နာရီတွင် Lockdown ချ၍ တစ်မြို့လုံးကို အာခေါင်တို့ဖတ်စစ်ဆေးမှုပြုလုပ်ပြီး နိုဝင်ဘာလ (၁၆) ရက်နေ့တွင် lockdown ပြန်ဖျက်သိမ်းရန် စီစဉ်ထားကြောင်း သိရသည်။