မကွေးတိုင်းဒေသကြီးအတွင်း COVID 19 အတည်ပြုလူနာ (၆၂၄)ဦးအထိ တိုးလာ

မကွေးတိုင်းဒေသကြီးအတွင်း COVID 19 အတည်ပြုလူနာ (၆၂၄)ဦးအထိ တိုးလာ
အောက်တိုဘာ 28, 2020
By Tachileik News Agency

 

မကွေးတိုင်းဒေသကြီးအတွင်း COVID 19 အတည်ပြုလူနာ (၆၂၄)ဦးအထိ တိုးလာ 

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့အထိ အတည်ပြုလူနာ (၆၂၄) ဦးအထိ တိုးလာပြီး မြို့သစ်မြို့နယ်က အတည်ပြုလူနာ (၁၀၀)ဦးဖြင့် အများဆုံးဖြစ်နေသည်။
“ အများစုက quarantine ကတွေ့တာဖြစ်ပေမဲ့ Contact တွေလည်း များလာတာတွေ့ရလို့  အထူးဂရုစိုက်ကြဖို့ လိုနေပါပြီ”ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ (၂၇)ရက်နေ့၌ အတည်ပြုလူနာ (၈၉)ဦး ထပ်တိုးလာရာတွင် မင်းဘူးမြို့နယ်မှ (၂၄) ဦး၊ မြို့သစ် မြို့နယ်မှ (၁၁) ဦး၊ တောင်တွင်းကြီးမြို့နယ်မှ (၁၁) ဦး၊ အောင်လံမြို့နယ်မှ (၂၅) ဦး၊ မကွေးမြို့နယ်မှ (၇) ဦး၊ စလင်းမြို့နယ်မှ (၂) ဦး၊ သရက်မြို့နယ်မှ (၁) ဦး၊ နတ်မောက်မြို့နယ်မှ (၃) ဦး၊ ရေနံချောင်းမြို့နယ်မှ (၁) ဦး၊ ပခုက္ကူမြို့နယ်မှ (၁) ဦး တွေ့ရှိရခြင်းဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း  မြို့နယ် (၂၅)မြို့နယ်ရှိသည့်အနက် အောက်တိုဘာလ (၂၇)ရက်နေ့အထိ မြို့နယ်ပေါင်း (၂၂) မြို့နယ်တွင် အတည်ပြုလူနာများ တွေ့နေရပြီဖြစ်ပြီး မြို့သစ်မြို့နယ်တွင် (၁၀၀) ဦးဖြင့် အများဆုံးနှင့် အောင်လံမြို့နယ်က (၉၂) ဦးဖြင့် ဒုတိယအများဆုံးဖြစ်နေသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~