KNU ၏ (၆)ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့ သင်တန်း ဆင်းပွဲ

Photo: KNU
Photo: KNU
KNU ၏ (၆)ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့ သင်တန်း ဆင်းပွဲ
အောက်တိုဘာ 31, 2021 | နိုင်ငံရေး

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၏ (၆)ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့ (Karen National Police Force-KNPF) အခြေခံသင်တန်း ဆင်းပွဲအခမ်းအနား၏ မှတ်တမ်းဓာတ်ပုံများကို ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့တွင် KNU က ဖော်ပြလာသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏  ပြည်ထဲရေးနှင့်သာသနာရေးဌာန လက်အောက်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) ရှိနေပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (Karen National Police Force-KNPF)အား  က ၁၉၉၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး  ၂၀၁၇ ခုနှစ်တွင် ကေအဲန်ယူ-(၁၆)ကြိမ်မြောက် ကွန်ကရက်တွင် အသိအမှတ် ပြုခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့သည် ဥပဒေချိုးဖေါက်မှုများနှင့် မတရားမှုကျူးလွန်ခြင်းများမရှိအောင် ကာကွယ်တားဆီးခြင်း၊ မတရားမှုများကို စုံစမ်းဖေါ်ထုတ်ခြင်း၊ ပြည်သူလူထုအခွင့်အရေးနှင့်ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ခြင်း၊ငြိမ်းချမ်းရေး၊ပြည်သူလုံခြုံရေးနှင့် ထုတ်ပြန်ကြေငြာသော အမိန့်များကို ကာကွယ်စောင့်ရှောက်ခြင်းတို့ လုပ်ဆောင်လျှက်ရှိကြောင်း  ဒူးပလာယာခရိုင် အသိပေးဖော်ပြချက်အရ သိရသည်။