အပစ်ရပ်မည်ဟု ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က KNU နယ်မြေများတွင် စစ်အင်အားနှင့် ရိက္ခာဖြည့်တင်း

အပစ်ရပ်မည်ဟု ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က KNU နယ်မြေများတွင် စစ်အင်အားနှင့် ရိက္ခာဖြည့်တင်း
ဧပြီ 16, 2021 | နိုင်ငံရေး

တစ်လ အပစ်ရပ်မည်ဟု ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က KNU နယ်မြေများဖြစ်သည့် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စစ်အင်အားဖြည့်တင်းရန်နှင့် ရိက္ခာပို့ဆောင်ရန်လာသည့် ကား (၃၂)စီးသည် မူသယ်သို့ ရောက်လာကြောင်း KNU က သတင်းထုတ်ပြန်ထားချက်အရ သိရသည်။



မြင်း (၂၄) စီး၊ စားနပ်ရိက္ခာ (၃) စီးနှင့် စစ်သား(၅)စီး တင်ဆောင်လာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းသည် ဧပြီလ (၁၃) ရက်နေ့က နတ်သံကွင်းဘက်မှထွက်လာခဲ့ရာ ညနေ (၄) နာရီ (၂၀) မိနစ် အချိန်တွင် ခလရ-၆၀ သို့ ရောက်ရှိလာခဲ့ပြီးနောက်  ဧပြီလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် မြင်းများဖြင့် ရိက္ခာတင်ဆောင်ပြီး ညနေ(၃)နာရီခွဲအချိန်တွင် မူသယ်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



ရိက္ခာသယ်ဆောင်သည့် မြင်းကောင်ရေ (၁၅၄) ကောင်နှင့် စစ်အင်အား (၂၇၀)ဦးတို့အနက် မြင်းထိန်း (၁၂၈)ဦးပါဝင်ကြောင်း သိရသည်။



အာဏာသိမ်းစစ်တပ်က ၎င်းတို့အနေဖြင့် တစ်လအပစ်ရပ်မည်ဟု ကြေညာပြီးနောက် တိုင်းရင်းသားနယ်မြေများတွင် တပ်အင်အားနှင့် ရိက္ခာဖြည့်တင်းနေသည်ကို တွေ့ရသည်ဟု KNU က သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။