လုံခြုံရေးကြောင့်ဟုဆိုကာ တာချီလိတ် သင်္ကြန် ဗဟိုမဏ္ဍပ်ကို ဖျက်သိမ်းပြီး စစ်တပ်အတွင်း ပြောင်းရွှေ့ကျင်းပရန် ပြင်ဆင်နေ

ပြန်လည် ဖျက်သိမ်းနေသည့် တာချီလိတ်ဗဟိုမဏ္ဍပ်
ပြန်လည် ဖျက်သိမ်းနေသည့် တာချီလိတ်ဗဟိုမဏ္ဍပ်
လုံခြုံရေးကြောင့်ဟုဆိုကာ တာချီလိတ် သင်္ကြန် ဗဟိုမဏ္ဍပ်ကို ဖျက်သိမ်းပြီး စစ်တပ်အတွင်း ပြောင်းရွှေ့ကျင်းပရန် ပြင်ဆင်နေ
ဧပြီ 11, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၏ ၂၀၂၃ သင်္ကြန်အတွက် ဗဟိုမဏ္ဍပ်ကို ရှမ်းရိုးမကွင်းအတွင်း ကျင်းပရန်အတွက် ဗဟိုမဏ္ဍပ်ပြုလုပ်ထားပြီး ပြီးစီးကာနီးတွင်  လုံခြုံရေး မပေးနိုင်၍ဟုဆိုကာ ဖျက်သိမ်းလိုက်ပြီး တာချီလိတ်စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)တပ်၏ စစ်ရေးပြကွင်းအတွင်း ပြောင်းရွှေ့ ကျင်းပရန် စီစဉ်လိုက်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်းအတွင်း ကျင်းပမည့် ဗဟိုသင်္ကြန်မဏ္ဍပ်အတွက် ခရိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လုပ်ငန်းရှင်များထံကနေ အလှူငွေများ မထည့်မနေရ ကောက်ခံထားကြောင်း သိရသည်။

တာချီလိတ်တပ်နယ်အတွင်း ပြောင်းရွှေ့ ကျင်းပရန် စီစဉ်နေ

 

"ရှမ်းရိုးမကွင်းထဲမှာ သင်္ကြန်ပွဲလုပ်ဖို့ ခရိုင်မြို့နယ်အုပ်ချုပ်ရေးပိုင်းက အစည်းဝေးခေါ်ပြီး အလှူခံလို့ အလှူငွေလည်းထားကြတာများတယ်။ အခုတော့ လုံခြုံရေးအရ ပွဲ မလုပ်ဖြစ်တော့ဘူးဆိုပြီး ကွင်းထဲက ဆောက်လက်စ ဗဟိုမဏ္ဍပ်ကို ဖျက်နေတယ်။ ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် ပြောသည်။

တာချီလိတ်တပ်နယ်အတွင်း ပြောင်းရွှေ့ ကျင်းပရန် စီစဉ်

ရှမ်းရိုးမကွင်းအတွင်း ကျင်းပမည့် တာချီလိတ်မြို့၏ ဗဟိုသင်္ကြန်မဏ္ဍပ်ကို ဖျက်သိမ်းခြင်းမှာ လုံခြုံရေးမပေးနိုင်၍ မကျင်းပခိုင်းခြင်း ဖြစ်ကြောင်း ဒေသတွင်းမှ သတင်းအမျိုးမျိုး ထွက်ပေါ်နေသော်လည်း ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယခုလို ဖျက်သိမ်းခြင်းကိုတော့ ပြန်လည်း ရှင်းပြထားခြင်းမရှိပေ။

တာချီလိတ်ခရိုင်/မြို့နယ်အဆင့်အနေဖြင့် ဗဟိုမဏ္ဍပ်နှင့် မလုပ်မနေရ ရပ်ကွက်က ဦးဆောင်သည့် ရပ်ကွက်အလိုက် မဏ္ဍပ်များရှိတော့မည်မဟုတ်သော်လည်း ပုဂ္ဂလိက မဏ္ဍပ်များနှင့် Bar အချို့တွင် မဏ္ဍပ်များ ပြုလုပ်ထားရှိကြောင်း သိရသည်။