ဒီးမော့ဆို PDF ၏ တပ်ရင်း(i) အခြေခံစစ်နည်းဗျူဟာ သင်တန်းဆင်း

ဒီးမော့ဆို PDF ၏ တပ်ရင်း(i) အခြေခံစစ်နည်းဗျူဟာ သင်တန်းဆင်း
အောက်တိုဘာ 26, 2021 | ကယား

 ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒီးမော့ဆို)၏ တပ်ရင်း(i)မှ တပ်ဖွဲ့ဝင်များက NUG ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် အခြေခံစစ်နည်းဗျူဟာ သင်တန်းသို့ တက်ရောက်သင်ယူခဲ့ပြီးကြောင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့တွင် ပုံများနှင့်အတူ ထုတ်ပြန်လာသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒီးမော့ဆို)အနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို အမြတ်ပြတ်သည်အထိ တိုက်ထုတ်ရှင်းလင်းသွားရန်အတွက် ဆထက်တပိုး ကြိုးစားဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

DMO PDF တပ်ရင်း ( i )သို့ ပြည်သူများအနေဖြင့်  စစ်အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ၊ စားနပ်ရိက္ခာများ ပါဝင် လှူဒါန်းလိုပါက Facebook page ဖြစ်သည့် "ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်" သို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။