ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ဖမ္းဆီး အေရးယူခံရၿပီးေနာက္ တာခ်ီလိတ္သို႔ ျပန္လည္ လႊဲေျပာင္းေပးရာတြင္ သီလရွင္တစ္ပါး ပါ၀င္

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ဖမ္းဆီး အေရးယူခံရၿပီးေနာက္ တာခ်ီလိတ္သို႔ ျပန္လည္ လႊဲေျပာင္းေပးရာတြင္ သီလရွင္တစ္ပါး ပါ၀င္
မေ 9, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ဖမ္းဆီး အေရးယူခံရၿပီးေနာက္ တာခ်ီလိတ္သို႔ ၂၀၁၉ခုႏွစ္ ေမလ(၉)ရက္ေန႔တြင္ ထိုင္းဘက္က လာေရာက္လႊဲေျပာင္းေပးလာရာ  သီလရွင္တစ္ပါး ပါ၀င္ေၾကာင္း သိရသည္။

လႊဲေျပာင္းေပးလာရာတြင္ ပါ၀င္သည့္ သီလရွင္သည္ ထိုင္းႏုိင္ငံတြင္ ႏိုင္ငံကူးလက္မွတ္ေပ်ာက္ဆံုးသြား၍ ဖမ္းဆီးရခံရၿပီးေနာက္ ၂၀၁၉ခုႏွစ္ မတ္လ(၁၃)ရက္ေန႔က တစ္ႀကိမ္၊ ေမလ(၉)ရက္ေန႔တြင္ တစ္ႀကိမ္ ထိုင္းဘက္က ျမန္မာဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးျခင္းျဖစ္သည့္အတြက္ ထပ္မံ၍ ထိုင္းႏုိင္ငံအတြင္း မၾကြေရာက္ရန္ႏွင့္ မူလသီတင္းသံုးရာ ေတာင္ႀကီးၿမိဳ႕ရွိ ေက်ာင္းတိုက္သို႔ ျပန္လည္ၾကြရန္အတြက္ ျပည္နယ္/ၿမိဳ႕နယ္သံဃနာယကအဖြဲ႔၀င္ဆရာေတာ္တို႕ႏွင့္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္သနာေရးဦးစီးဌာနတို႔ေရွ႕တြင္ ဂတိ၀န္ခံခ်က္လက္မွတ္ထိုးေစခဲ့ေၾကာင္းႏွင့္ အဆိုပါ သီလရွင္အား ေမလ(၁၀)ရက္ေန႔တြင္ ေတာင္ႀကီးသို႔ ျပန္လည္ၾကြရမည္ျဖစ္ေၾကာင္း သိရသည္။

ေမလ(၉)ရက္ေန႔ ေန႔လည္ပိုင္းက ထိုင္းႏုိင္ငံ မယ္ဆိုင္လ၀က ႏွင့္ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ - မယ္ဆိုင္အၾကားရွိ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးအမွတ္(၂)တံတားသို႔ လာေရာက္လႊဲေျပာင္းလာရာ အမ်ဳိးသား (၁၅)ဦး၊ အမ်ဳိးသမီး(၆)ဦးႏွင့္ သီလရွင္(၁)ပါး အပါအ၀င္ ကေလးငယ္(၆)ဦး စုစုေပါင္း (၂၈)ဦး ပါ၀င္ေၾကာင္း သိရသည္။

အဆိုပါ (၂၈)ဦးတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ (၁၇)ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ (၆)ဦး ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ (၄)ဦး အျပင္ ကယားျပည္နယ္ဘက္မွ (၁)ဦး ပါ၀င္ၿပီး ၎တို႔ထဲတြင္ တရားမ၀င္သြားေရာင္ျခင္းေၾကာင္း ဖမ္းဆီးခံရသူ (၂)ဦး၊ နယ္ေျမေက်ာ္သြားေရာက္ျခင္းေၾကာင္း ဖမ္းဆီးခံရသူ (၂၁)ဦး ႏွင့္ ရက္ေက်ာ္ေနထိုင္ျခင္းေၾကာင့္ ဖမ္းဆီးခံရသူ (၅)ဦးတို႔ ပါ၀င္ေၾကာင္း သိရသည္။

ထိုင္းဘက္က လႊဲေျပာင္းေပးလာမႈကို ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီး အရေးယူခံရပြီးနောက် တာချီလိတ်သို့ ၂၀၁၉ခုနှစ် မေလ(၉)ရက်နေ့တွင် ထိုင်းဘက်က လာရောက်လွှဲပြောင်းပေးလာရာ သီလရှင်တစ်ပါး ပါဝင်ကြောင်း သိရသည်။

လွှဲပြောင်းပေးလာရာတွင် ပါဝင်သည့် သီလရှင်သည် ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသွား၍ ဖမ်းဆီးရခံရပြီးနောက် ၂၀၁၉ခုနှစ် မတ်လ(၁၃)ရက်နေ့က တစ်ကြိမ်၊ မေလ(၉)ရက်နေ့တွင် တစ်ကြိမ် ထိုင်းဘက်က မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်သည့်အတွက် ထပ်မံ၍ ထိုင်းနိုင်ငံအတွင်း မကြွရောက်ရန်နှင့် မူလသီတင်းသုံးရာ တောင်ကြီးမြို့ရှိ ကျောင်းတိုက်သို့ ပြန်လည်ကြွရန်အတွက် ပြည်နယ်/မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်တို့နှင့် တာချီလိတ်ခရိုင်/မြို့နယ်သနာရေးဦးစီးဌာနတို့ရှေ့တွင် ဂတိဝန်ခံချက်လက်မှတ်ထိုးစေခဲ့ကြောင်းနှင့် အဆိုပါ သီလရှင်အား မေလ(၁၀)ရက်နေ့တွင် တောင်ကြီးသို့ ပြန်လည်ကြွရမည်ဖြစ်ကြောင်း သိရသည်။

မေလ(၉)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ မယ်ဆိုင်လဝက နှင့် တာဝန်ရှိသူများက တာချီလိတ် - မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားသို့ လာရောက်လွှဲပြောင်းလာရာ အမျိုးသား (၁၅)ဦး၊ အမျိုးသမီး(၆)ဦးနှင့် သီလရှင်(၁)ပါး အပါအဝင် ကလေးငယ်(၆)ဦး စုစုပေါင်း (၂၈)ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ (၂၈)ဦးတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၁၇)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၆)ဦး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၄)ဦး အပြင် ကယားပြည်နယ်ဘက်မှ (၁)ဦး ပါဝင်ပြီး၎င်းတို့ထဲတွင် တရားမဝင်သွားရောင်ခြင်းကြောင်း ဖမ်းဆီးခံရသူ (၂)ဦး၊ နယ်မြေကျော်သွားရောက်ခြင်းကြောင်း ဖမ်းဆီးခံရသူ (၂၁)ဦး နှင့် ရက်ကျော်နေထိုင်ခြင်းကြောင့် ဖမ်းဆီးခံရသူ (၅)ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထိုင်းဘက်က လွှဲပြောင်းပေးလာမှုကို မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net