မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီပြန်လည် အသက်ဝင်ရန် ဗြိတိသျှအစိုးရက ဆက်လက်ထောက်ခံသွားမည်

Photo: UK in Myanmar
Photo: UK in Myanmar
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီပြန်လည် အသက်ဝင်ရန် ဗြိတိသျှအစိုးရက ဆက်လက်ထောက်ခံသွားမည်
အောက်တိုဘာ 20, 2021 | နိုင်ငံရေး

အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီပြန်လည်အသက်ဝင်ရန်  ဗြိတိသျှအစိုးရက ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့တွင်  ဗြိတိသျှသံရုံးရန်ကုန်၏ ယာယီတာဝန်ခံက  သီတင်းကျွတ် ဆုတောင်းစကားပါးလိုက်သည်။

“သီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူတွေအားလုံး ဘေးကင်းလုံခြုံ၊ ကျန်းမာပြီး ဒီမိုကရေစီဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်အသက်၀င်ရေးအတွက် ကျွန်တော်တို့ယူကေအစိုးရက  ဆက်လက်ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။”ဟု ဗြိတိသျှသံရုံးရန်ကုန် ယာယီတာဝန်ခံ ရူရစ်ခ် မာစ်ဒန်က သီတင်းကျွတ်ဆုတောင်းစကားနှင့်အတူ ဆိုထားခြင်း ဖြစ်သည်။