တောင်စွန်းရွာအနီး KNLA နှင့် ၅ မိနစ်ဝန်းကျင်တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်မှ ၁ ဦးသေဆုံး

တောင်စွန်းရွာအနီး KNLA နှင့် ၅ မိနစ်ဝန်းကျင်တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်မှ ၁ ဦးသေဆုံး
By Tachileik News Agency

KNU ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ နံနက်ပိုင်းက အာဏာသိမး်စစ်ကောင်စီတပ်နှင့် KNU/KNLA တို့ တိုက်ပွဲဖြစ်ပွားသည် ဒူးပလာယာခရိုင်သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ် ခလရ - ၂၈၃ တပ်ရင်းနှင့် KNLA တပ်ရင်း (၁၆) လက်အောက်ခံ၊ တပ်ခွဲ (၂) တပ်တို့  ​တောင်စွန်းကျေးရွာ အပြင်ဘက်တွင် ထိတွေ့တိုက်ပွဲ (၅) မိနစ်ဝန်းကျင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲအပြီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ (၁) ဦးသေဆုံးကာ ထိခိုက်သူများလည်းရှိသည်ဟု သိရပြီးတိုက်ပွဲဖြစ်ပွားပြီးနောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်၍ ဒေသခံများ ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။