တာချီလိတ်မြို့ ပုံလို့ ဗုဒ္ဓဂါယာဘက်တွင် နေ့ခင်းပိုင်းအချိန် ဓါးထုတ်ပြပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွား

တာချီလိတ်မြို့ ပုံလို့ ဗုဒ္ဓဂါယာဘက်တွင် နေ့ခင်းပိုင်းအချိန် ဓါးထုတ်ပြပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွား
အောက်တိုဘာ 7, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်ရပ်နားထားစဉ် ဓါးထုတ်ပြန်ပြီး ဆိုင်ကယ်လုသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုံလို့ ဗုဒ္ဓဂါယာလမ်းက တောအုပ်လိုမျိုးနေရာလေးမှာ ဓားပြပြီး ယူသွားတာပါ။ လာတဲ့သူက (၃) ယောက်မှာ ဦးထုပ်တွေလည်း ဆောင်းထားပြီး mask လည်း တပ်ထားပါတယ်။ ဓားကြီးနဲ့လာတာဆိုတော့ ကြောက်လို့ ဘာမှ မလုပ်နိုင်ဘူး။ ဆိုင်ကယ်ကို ယူသွားလိုက်တယ်။ နောက်လူတွေ အဲဒီဘက် သွားထိုင်ရင် သတိထားကြစေချင်ပါတယ်။ ဆိုင်ကယ်နား လူကပ်နေတာတွေ့လို့ ထသွားတဲ့ချိန်မှာ သူတို့က ဓားထုတ်လာပါတယ်

ဟု ဆိုင်ကယ်လုယူခံရသည့် အမျိုးသမီးက Tachileik News Agency သို့ ပြောသည်။

 ပြီးခဲ့သည့်   စက်တင်ဘာလ(၂၃)ရက်နေ့ နေ့လည်(၁၂)နာရီ ဝန်းကျင်အချိန်ကလည်း   ပုံလို့လမ်း(ဗုဒ္ဓဂါရ လမ်းတည့်တည့်) ရွှေရောင်နှင့်စေတီတစ်ဆူတည်ထားသည့် နေရာတွင်     ၂၀၁၇ ခုနှစ်ထုတ်  Honda MSX  ခရမ်းရောင်ဆိုင်ကယ်တစ်စီး  လူ(၂)ဦးမှ ဓါးထောက်ပြီး လုယက်သွားမှု ဖြစ်ပွားခဲ့သည်။ 

တာချီလိတ်မြို့တွင် ဆိုင်ကယ်များ မကြာခဏပျောက်ဆုံးမှုဖြစ်နေပြီး မကြာမီရက်ပိုင်းက ဆိုင်ကယ် (၁၈) စီးကို ပြန်လည်ဖမ်းမိသော်လည်း အများအပြားမှာ ပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲဖြစ်နေချိန်တွင် ဆိုင်ကယ်လုယက်ခံရမှုပါ ထပ်မံဖြစ်ပွားလာသည်ကို တွေ့ရသည်။

#TachileikNewsAgency



ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် နေ့လည်ပိုင်းအချိန်အတွင်း လည်ပင်းကို ဓါးထောက်ပြီး ဆိုင်ကယ်လုယူသွား