ထုိင္းႏိုင္ငံတြင္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၉)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းႏိုင္ငံတြင္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၉)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဇွန် 21, 2019
By 🌸
ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိုင္ငံသား (၉)ဦးကို ၂၀၁၉ခုႏွစ္ ဇြန္လ(၂၁)ရက္ေန႔ ညေနပိုင္းက  တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာသည္။

လႊဲေျပာင္းေပးအပ္လာသည့္ (၉) ဦးတြင္ အမ်ိဳးသား (၇) ဦးႏွင့္ အမ်ိဳးသမီး (၂) ဦးတို႔ပါဝင္ၿပီး ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အမ်ိဳးသား (၅) ဦးႏွင့္ အမ်ိဳးသမီး (၂) ဦး၊ ရခုိင္ျပည္နယ္မွ အမ်ိဳးသား (၁)ဦးႏွင့္ မႏၱေလးတုိငး္ေဒသႀကီးမွ အမ်ိဳးသား (၁)ဦးတုိ႔ ပါဝင္ေၾကာငး္ သိရသည္။

အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းႏိုင္ငံ မယ္ဆိုင္လဝက မွ တာဝန္ရွိသူမ်ားက လႊဲေျပာင္းေပးလာရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၉)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
************
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုုင်ငံသား (၉)ဦးကို ၂၀၁၉ခုနှစ် ဇွန်လ(၂၁)ရက်နေ့ ညနေပိုင်းက  တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည်။

လွှဲပြောင်းပေးအပ်လာသည့် (၉) ဦးတွင် အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ပါဝင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၂) ဦး၊ ရခိုင်ပြည်နယ်မှ အမျိုးသား (၁)ဦးနှင့် မန္တလေးတိုငး်ဒေသကြီးမှ အမျိုးသား (၁)ဦးတို့ ပါဝင်ကြောငး် သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ မယ်ဆိုင်လဝက မှ တာဝန်ရှိသူများက လွှဲပြောင်းပေးလာရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net