တာချီလိတ်မြို့တွင် ရဲ ဒုတပ်ကြပ် မောင်းလာသည့် ဆိုင်ကယ် နှင့် (၁၂)ဘီးကား တိုက်မိပြီး ဦးခေါင်းကို ကားကြိတ်ခံရ၍  ရဲ  သေဆုံး

Photo: တာချီလိတ်နာရေးကူညီမှုအသင်း
Photo: တာချီလိတ်နာရေးကူညီမှုအသင်း
တာချီလိတ်မြို့တွင် ရဲ ဒုတပ်ကြပ် မောင်းလာသည့် ဆိုင်ကယ် နှင့် (၁၂)ဘီးကား တိုက်မိပြီး ဦးခေါင်းကို ကားကြိတ်ခံရ၍  ရဲ  သေဆုံး
အောက်တိုဘာ 7, 2021 | မှုခင်းသတင်း| ရှမ်းရှေ့



တာချီလိတ်မြို့  ဟောင်လိတ်နယ်မြေရဲကင်းစခန်းအနီးတွင်  ရဲတစ်ဦးမောင်းလာသည့် ဆိုင်ကယ် နှင့် (၁၂)ဘီး ကားတို့ တိုက်မိရာ ဦးခေါင်းကို ကားကြိတ်ခံရ၍ ဆိုင်ကယ်မောင်းလာသည့် ရဲ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဟောင်လိတ်နယ်မြေရဲကင်းစခန်းအနီး စက်မှုဇုန် လေယာဉ်ကွင်းလမ်းဆုံတွင် ယနေ့  ၂၀၂၁ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့ ညနေပိုင်းက ဟောင်လိတ်နယ်မြေရဲကင်းစခန်းမှ အသက်(၄၀)ဝန်းကျင်ရှိ ရဲဒုတပ်ကြပ်ကျော်ဆန်းလင်း မောင်းလာသည့် ဆိုင်ကယ်နှင့် (၁၂)ဘီးကားတို့ တိုက်မိပြီး ရဲဒုတပ်ကြပ်မှာ ဦးခေါင်းကို ကားကြိတ်ခံရပြီးနောက် ဦးနှောက်များထွက်ပြီး နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက သွားရောက်သယ်ယူပြီး တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဖြစ်စဉ်ကို အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တာချီလိတ်ခရိုင်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေလျက်ရှိသည်ဟု သိရသည်။