ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား KNDF က ကျန်းမာရေး စောင့်ရှောက်ပေးနေ

 ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား KNDF က ကျန်းမာရေး စောင့်ရှောက်ပေးနေ
နိုဝင်ဘာ 3, 2021 | ကျန်းမာရေး| ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ အမှတ်(၉)တပ်ရင်း ဒီးမော့ဆို(KNDF - B09) မှ တပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်က ကယား(ကရင်နီ)ပြည်နယ်အတွင်း နှင့် ရှမ်း - ကယားနယ်စပ်တစ်လျှောက်တွင် အင်အားအလုံးအရင်းဖြင့် ထိုးဆင်စစ်နေသည့်အတွက် ဒေသခံ ပြည်သူ အမြောက်အများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြည်နယ်တွင်း တိုက်ခိုက်မှုများတွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီး အလွန်အကျွံသုံးစွဲပြီး   လူနေရပ်ကွက်များထဲသို့  ရမ်းသမ်းပစ်ခတ်ခြင်းများလည်း လုပ်ဆောင်၍ လူနေအိမ်များ ပျက်စီးရခြင်း၊ အရပ်သားများထိမှန်ခြင်းများလည်းရှိသည့်အပြင် အာဏာသိမ်းစစ်တပ်သည် ကျေးရွာများအတွင် ဝင်ရောက်ပြီး ရှာဖွေခြင်း၊ နေအိမ် မီးရှို့ခြင်းနှင့် ရိုက်နှက် ဖမ်းဆီးခြင်းများ ပြုလုပ်သည့်အတွက် ဒေသခံပြည်သူများမှ ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။ 

 

Photo: KNDF B-09