တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၃၁)ဦး ထပ်တိုး

 တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၃၁)ဦး ထပ်တိုး
အောက်တိုဘာ 5, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အောက်တိုဘာ(၅)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၃၁)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ(၅)ရက်နေ့တွင် ထပ်တိုးတွေ့ရသည့် (၃၁)ဦးမှာ တာလေမြို့ ရပ်ကွက်(၂)အတွင်းထဲက အမျိုးသား(၉)ဦး နှင့် အမျိုးသမီး(၂၁)ဦး အပြင် နားယောင်းကျေးရွာအုပ်စု၊ ဗေသလ(၁)ရွာက အမျိုးသမီး (၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။

တာလေမြို့ ရပ်ကွက်(၂)အတွင်း ယနေ့တွင် လူပေါင်း (၆၄)ဦးကို စစ်ဆေးရာမှ (၃၀)ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

တာလေမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၅၆)ဦးရှိနေပြီး သက်သာသွား၍ နေအိမ်ပြန်သွားကြသူများမှာ (၁၀၆)ဦးအထိ ရှိကြောင်းသိရသည်။

လက်ရှိတွင် ဆေးရုံနှင့်သီးသန့် စောင့်ကြည့် စင်တာများတွင် (၁၄၆)ဦး ကျန်ရှိနေပြီး သေဆုံးသူမှာလည်း (၄)ဦးအထိ ရှိနေသည်ဟု သိရသည်။