ညမထွက်ရ အမိန့်စတင်သည့် တာချီလိတ်၏ ပထမညတွင် ရပ်ကွက်များအလိုက် စစ်ဆေးခြင်းများ လုပ်ဆောင်

ညမထွက်ရ အမိန့်စတင်သည့် တာချီလိတ်၏ ပထမညတွင် ရပ်ကွက်များအလိုက် စစ်ဆေးခြင်းများ လုပ်ဆောင်
ဧပြီ 21, 2020
By Tachileik News Agency
ညမထွက်ရ အမိန့်စတင်သည့် တာချီလိတ်၏ ပထမညတွင် ရပ်ကွက်များအလိုက် စစ်ဆေးခြင်းများ လုပ်ဆောင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ညမထွက်ရ အမိန့်စတင် သက်ဝင်သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့ ညပိုင်းက ရပ်ကွက်များအလိုက် စစ်ဆေးခြင်း၊ ကြီးကြပ်ရေးအဖွဲ့များဖြင့် လိုက်လံစစ်ဆေးခြင်းများကို ည (၁၀) နာရီမှစ၍ ဆောင်ရွက်ရာ မြို့လူထုက လိုက်နာမှုအားကောင်းသည်ကို တွေ့ရသည်။

“ဒီနေ့ ဆန်ဆိုင်း (က)၊ (ခ)၊ မယ်ခေါင်ကို အခုပတ်တဲ့အချိန်ထိတော့ တွေ့ရသလောက်ဆိုရင် လူအားလုံးက လိုက်နာကြပါတယ်”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်ဆန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ည (၁၁)နာရီတွင် ပြောသည်။

ကြီးကြပ်သည့်အဖွဲ့က လိုက်လံစစ်ဆေးမှုအတွင်း မပိတ်သေးသည့် ဆိုင်အချို့နှင့် လမ်းပေါ်တွင် သွားလာသူ အချို့ကို နောက်ဆုံးအနေဖြင့် သတိပေးထားသည်ကို တွေ့ရသည်။

ယင်းကဲ့သို့ လှည့်လည်စစ်ဆေးခြင်းကို တာချီလိတ်မြို့နယ်အတွင်း အမိန့်စတင်သက်ဝင်သည့် ဧပြီလ (၁၉)ရက်နေ့မှ မေလ (၁၉)ရက်နေ့အထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး ခြွင်းချက်မရှိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်တွင် သက်ဆိုင်ရာရပ်ကွက်များအလိုက် စစ်ဆေးမှုများကို လှည့်လည်ကြီးကြပ်မည့် အဖွဲ့ (၃)ဖွဲ့အား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ညီညီတို့က ဦးစီးပြီး သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့်   ပူးပေါင်းပါဝင်ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~