ထိုင်းနိုင်ငံတွင် အသက် (၁၂)နှစ်မှ (၁၇)နှစ်အရွယ် ကျောင်းသူကျောင်းသားများကို Pfizer ထိုးပေးမည်

A vial and sryinge are seen in front of a displayed Pfizer logo in this illustration taken January 11, 2021. REUTERS/Dado Ruvic/Illustration

အောက်တိုဘာ 2, 2021 | နိုင်ငံတကာသတင်း| Covid-19

 ထိုင်းနိုင်ငံတွင် အသက် (၁၂)နှစ်မှ (၁၇) နှစ်အရွယ် ကျောင်းသားကျောင်းသူများကို COVID 19 ကာကွယ်ဆေး Pfizer ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့တွင် စတင်မည်ဟု သိရသည်။

ကျောင်းသားကျောင်းသူပေါင်း (၅.၄) သန်းကို ယခုလအတွင်း ကာကွယ်ဆေးထိုးနှံပြီးပါက လာမည့် နိုဝင်ဘာလတွင် ကျောင်းများပြန်ဖွင့်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပြီး အခြေအနေများကို MorPhrom application မှ တင်ပြချက်များရယူ၍ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနက လာမည့် နိုဝင်ဘာလကျောင်းဖွင့်အမီ ကျောင်းသူကျောင်းသားများအပြင် ဆရာ ဆရာမများနှင့် ဝန်ထမ်းများပါ ကာကွယ်ဆေးထိုးနိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ဧပြီလ (၁) ရက်နေ့ကစတင်၍ COVID 19 တတိယလှိုင်းဖြစ်ပွားနေပြီး နေ့စဉ် အတည်ပြုလူနာ သောင်းဂဏန်းတိုးနေခြင်းဖြစ်သည်။

#TachileikNewsAgency

Soure: The Nation