လားရှိုးမြို့ရှိ တောင်ကုန်းတစ်ခုတွင် အမျိုးသားအလောင်း တွေ့ရှိ

လားရှိုးမြို့ရှိ တောင်ကုန်းတစ်ခုတွင် အမျိုးသားအလောင်း တွေ့ရှိ
ဖေဖော်ဝါရီ 29, 2020
By Tachileik News Agency
လားရှိုးမြို့ရှိ တောင်ကုန်းတစ်ခုတွင် အမျိုးသားအလောင်း တွေ့ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့ နံနက်အစောပိုင်းက အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းအား တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

“မနက် (၇)နာရီလောက်မှာ ရပ်ကွက် (၅) ရဲကင်းကနေ ဖုန်းဆက် အကြာင်းကြားလာတဲ့အတွက် အဲဒီတောင်ကုန်းပေါ်မှာ သေဆုံးနေသူကို သယ်ဆောင်ပြီး ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ပေးထားပါတယ်” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ ကိုစိုင်းဝသုန်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ အလောင်းကို ရပ်ကွက်(၅)၊ နယ်မြေ (၂)နှင့် နယ်မြေ(၄)ကြား တောင်ကုန်းတစ်ခုပေါ်တွင် တွေ့ရခြင်းဖြစ်ပြီး ပြင်ပဒဏ်ရာများ မတွေ့ရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရပ်ကွက် (၅) ရဲကင်းမှူး တပ်ကြပ်ကြီးလှဝင်းဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးထားကြောင်း သိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ်စုံစမ်းနေပြီး သေဆုံးသူ မည်သူဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - လားရှိုးလူငယ်များလူမှုကူညီရေး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~