တာချီလိတ်မြို့   1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ ကားနှင့်ဆိုင်ကယ်များကို သိမ်းဆည်း

တာချီလိတ်မြို့   1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ ကားနှင့်ဆိုင်ကယ်များကို သိမ်းဆည်း
ဖေဖော်ဝါရီ 23, 2024 | မှုခင်းသတင်း| ရှမ်းရှေ့



 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် နံနက်(၈)ခွဲဝန်းကျင်ကစပြီး ကားနှင့်ဆိုင်ကယ်များကို သိမ်းဆည်းထားပြီး သယ်ဆောင်သွားရန် လုပ်ဆောင်နေကြောင်း သိရသည်။

အစောပိုင်းအချိန်က စစ်တပ်က အင်အားသုံးထားသော်လည်း နံနက်ပိုင်းတွင် အဆိုပါနေရာတွင် ရဲတပ်ဖွဲ့ကို တွေ့ရသည်။ 

ကားတွေ ဆိုင်ကယ်တွေ သိမ်းထားတယ်။ ဘယ်ယူသွားမလဲတော့မသိဘူး  ကွင်းထဲမှာ တစုတစည်းထားထားတယ်။ မော်တော်ပီကယ်ကလည်း ကားကို သယ်ဖို့ လုပ်နေတာတွေ့တယ်။ ဆိုင်ကယ်တွေ ပြန်ရချင်တယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

 

စစ်တပ်နှင့်ရဲက ယင်းသို့ လုပ်ဆောင်နေသလို ဖမ်းဆီးခံထားရသည့် လူငယ်များထဲက အမျိုးသားများကို အချုပ်ကားများဖြင့် အသုတ်လိုက် ဖမ်းဆီးခေါ်ဆောင်နေလျှက်ရှိကြောင်းလည်း သိရသည်။ 

1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်က စပြီး  ဝင်ရောက်စီးနင်းထားပြီး အဆောက်အဦးထဲရှိ ညဆိုင်းဆင်းနေသည့် လူရာကျော်ကို ဖမ်းဆီးထားခြင်း ဖြစ်သည်။