တာချီလိတ်မှ စားဝတ်နေရေးအကျပ်အတည်းဖြစ်နေသည့် သက်ကြီးရွယ်အိုများကို တာချီလိတ်လူငယ်ပရဟိတအဖွဲ့က စားနပ်ရိက္ခာပံ့ပိုးမည်

တာချီလိတ်မှ စားဝတ်နေရေးအကျပ်အတည်းဖြစ်နေသည့် သက်ကြီးရွယ်အိုများကို တာချီလိတ်လူငယ်ပရဟိတအဖွဲ့က စားနပ်ရိက္ခာပံ့ပိုးမည်
စက်တင်ဘာ 5, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စားဝတ်နေရေးအကျပ်အတည်းဖြစ်နေကြသည့် သက်ကြီးရွယ်အိုများကို တာချီလိတ်လူငယ်ပရဟိတအဖွဲ့ (Tachileik Youth charity) က စားနပ်ရိက္ခာပံ့ပိုးမည်ဟု သိရသည်။

ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီးတော့မှ အခုလိုကာလမှာ အဆင်မပြေတဲ့သူတွေထဲကမှ သက်ကြီးရွယ်အိုတွေကို ဦးစားပေးလှူမယ်ဆိုပြီး လုပ်ဖြစ်တာပေါ့နော်။ တကယ်အခက်အခဲဖြစ်နေတဲ့သူတွေဆို အကူအညီတောင်းနိုင်ပါတယ်။ နောက်တစ်ပတ် တနင်္ဂနွေနေ့လောက်ဆို လိုက်လှူမယ်။ အကူအညီလိုရင် ကျွန်တော်တို့ page မှာလည်း လာဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ်

ဟု လူငယ်ပရဟိတအဖွဲ့မှတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 တာချီလိတ်မြို့တွင်းမှ စားဝတ်နေရေးအကျပ်အတည်းဖြစ်သည့် သက်ကြီးရွယ်အိုများအနေဖြင့် အခြေခံစားနပ်ရိက္ခာအကူအညီအတွက် တာချီလိတ်လူငယ်ပရဟိတအဖွဲ့ ( Tachileik Youth charity ) ၏ facebook page ဖြစ်သည့် https://www.facebook.com/Tachileik-Youth-Charity-100734959018488 တွင် သွားရောက်အကူအညီတောင်းခံနိုင်မည်ဖြစ်ကြောင်း သိရသည်။